Hud hud ဆိုင်ကလုန်း သတိပေးချက် ထုတ်

  • 8 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် nasa
Image caption အိန္ဒိယ နိုင်ငံဘက်ကို ရွေ့လျားမယ်လို့ ခန့်မှန်းထား

မြန်မာနိုင်ငံ တောင်ဘက် ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမို အားကောင်း လာပြီး ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပြောင်းလဲ သွားခဲ့ပါတယ်။

ဟွဒ်ဟွဒ် Hud hud လို့ နာမည် ပေးထားတဲ့ အဲဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက် တောင်ဘက်ကို ဗဟိုပြုနေရာက ပိုမို အားကောင်းလာပြီး အိန္ဒိယ နိုင်ငံ ဘက်ကို ရွေ့လျား သွားလိမ့်မယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဌာနက ခန့်မှန်း ထားပါတယ်။

အဲဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ့ ကမ်းရိုးတန်း ဘက်ကို ဦးတည် ရွေ့လျားနေတာ မဟုတ်တဲ့ အတွက် မြန်မာ နိုင်ငံမှာ အန္တရာယ် အဆင့်ကို အဝါရောင် သတ်မှတ်ထားပါတယ်။

မုန်တိုင်း အရှိန်ကြောင့် မြစ်ဝ ကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ ကမ်းရိုးတမ်း တလျှောက်၊ ကမ်းလွန် ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျနိုင်တယ်လို့ သတိပေးထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ အထိ ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ