မြန်မာ ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်း အကြောင်း အစီရင်ခံစာ ထွက်

  • 9 အောက်တိုဘာ 2014
gas sea
Image caption မြန်မာမှာ ကမ်းနီး ကမ်းဝေး ဓာတ်ငွေ့သိုက်တွေ ကြွယ်ဝ

ပြည်တွင်းစစ် အဂတိ လိုက်စားမှုနဲ့ ပတ်ဝန်းကျင် ထိခိုက်မှု တွေရဲ့ နောက်ကွယ် မှာ စီးပွားရေး အမြတ်ထုတ် လုပ်ကိုင် နေတာ ကို စစ်ဆေး လှုပ်ရှား နေတဲ့ Global Witness အဖွဲ့ က မြန်မာပြည် နဲ့ ပတ်သက် တဲ့ အစီရင်ခံ စာ တစောင် ထုတ်ပြန် လိုက်ပါတယ်။

ဒီ အစီရင်ခံစာ မှာ မြန်မာ နိုင်ငံ က ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်း မှာ လုပ်ကိုင် နေကြတဲ့ ကုမ္ပဏီ ၄၆ ခု အနက် ၂၅ ခု က သူတို့ ကုမ္ပဏီ ကို ဘယ်သူတွေ ပိုင်တယ် ဆိုတာ ကို ထုတ်ဖော် ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

ဒီကုမ္ပဏီ တွေထဲမှာ မြန်မာ ကုမ္ပဏီ ၇ ခုနဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၁ ခု တို့က ပိုင်ရှင် နာမည် မဖော်ဘူး လို့ သိရပါတယ်။

ဒီလို ကုမ္ပဏီ တွေက စနစ်တကျ ထုတ်ဖော် ခဲ့တာ ဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်တယ် လို့ Global Witness က သုံးသပ်သူ Juman Kubba က ပြော ပါတယ်။

ဒီကုမ္ပဏီ တွေကို ဘယ်သူ ပိုင်တယ်၊ အစိုးရနဲ့ ကန်ထရိုက် သက်တမ်း ဘယ်လောက် ရှိတယ်၊ ဝင်ငွေ နဲ့ အခွန်က ဘယ်လောက် ဆောင်တယ် ဆိုတဲ့ အချက်တွေကို ဖော်နိုင် ရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး မှာ အရေးပါတဲ့ ခြေလှမ်း ဖြစ်တယ် လို့ သူက ပြောပါတယ်။

နောက်ပြီး သဘာဝ အရင်းအမြစ်က ရတဲ့ ငွေကြေးတွေ ဒေသခံ ပြည်သူတွေဆီ တကယ် ရောက်အောင် လုပ်နိုင်မှာ လည်း ဖြစ်ပါတယ်။

အထူး သဖြင့် အရင်က အဂတိ လိုက်စားမှုတွေ နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြတဲ့ မြန်မာနိုင်ငံမှာ ဒီလို သတင်း အချက်အလက် တွေ ကို ပြည်သူကို အသိပေးဖို့ အရေးကြီး ပါတယ်။

ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေကို အမှန်အတိုင်း ပွင့်လင်း မြင်သာ အောင် လုပ်မယ် ဆိုပြီး မလုပ်ဘဲ EITI အဖွဲ့ဝင် ဖြစ်တဲ့ အနေအထား ကို တလွဲ အသုံးချ တာမျိုး လုပ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှု တွေ ရှိပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ နဲ့ ကုမ္ပဏီတွေက အဲဒီလို သတင်း အချက်အလက် တွေကို လူထုသိအောင် ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိရှိ ထုတ်ပြန် ပေးသလဲဆိုတဲ့ အပေါ် အများကြီး မူတည် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ