အစိုးရတပ်နဲ့ ဒီကေဘီအေ တိုက်ပွဲ ထပ်မံဖြစ်

  • 10 အောက်တိုဘာ 2014
_dkba_304x171_
Image caption DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်

မြန်မာစစ်တပ် နဲ့ DKBA တို့ အောက်တိုဘာလ ၁၀ ရက်၊ မနက်ပိုင်းက ကော့ကရိတ်မြို့အနား မှာ တိုက်ပွဲဖြစ်လို့ နယ် စပ် ကနေ ပြည်တွင်း ကို သွားတဲ့ ကားလမ်း ကို အချိန်ပိုင်းနဲ့ ယာယီ ပိတ်လိုက် ရတဲ့ အထိ တိုက်ပွဲ ပြင်းထန် ပါတယ်။

တိုက်ပွဲဟာ၊ ကော့ကရိတ်မြို့ အရှေ့ဖက် ၃ မိုင် လောက်အကွာ က၊ ကော့နွဲဆိုတဲ့ရွာအနားမှာ မနက် ၁၀ နာရီလောက် က ဖြစ်တာပါ။

မြန်မာအစိုးရ စစ်တပ် ကခေတ္တတပ်ရင်းမှူး ဗိုလ်မှူး စိုးမင်းဦး ၊ ဦးစီးတဲ့ ခလရ ၂၃၀ စစ်ကြောင်းဟာ၊ တတိုင်ကူးရွာ ကို ကျော်ပြီးတော့ ၊ကော့နွီးရွာဖက် အ၀င်မှာ၊ အဲဒီက DKBA တပ်နဲ့ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ဖြစ်တာလို့ ဒေသခံတွေ က ပြောပါတယ်။

တိုက်ပွဲကြောင့် ကော့ကရိတ် ဖက်ကို တိမ်းရှောင်သွားတဲ့ ဒေသခံ တယောက်ပြောတာ က ၊စစ်တပ်က တက်သွားတဲ့ အခါမှာ ၊တိုက်ပွဲ ဖြစ်တဲ့ အကြောင်း၊ လက်နက်ကြီး တွေနဲ့ ရော ၊လက်နက်ငယ် တွေ နဲ့ပါ ပစ်ခတ်ကြောင်း ပြောတာပါ။

နှစ်ဖက်ကြားမှာ၊ မော်တာ၊ စိန်ပြောင်းတွေ၊ စက်သေနတ်တွေ နဲ့ အပြင်းအထန်တိုက်ပွဲ ဖြစ်နေလို့၊ ကော့ကရိတ်မြို့ နဲ့ထိုင်း၊ မြန်မာ နယ်စပ် က မြ၀တီမြို့ ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း ကို မွန်းလွဲ ၂ နာရီ အထိ ယာယီ ပိတ်ထားပြီး၊ အဲဒီနောက်ပိုင်း မှ အသွားအလာတွေ ကို ပြန်ဖွင့် ပေးတယ်လို့ နယ်စပ်ကို ရောက်လာတဲ့ ခရီးသည်တွေ က ပြောပါတယ်။

တိုက်ပွဲ မှာ နှစ်ယောက်သေတယ် လို့ သတင်းရ ပေမဲ့၊ ဘယ်ဖက် က သေတာလည်း ဆိုတာကို တော့ အတည်ပြုလို့ မရသေးပါဘူး။

အစိုးရနဲ့ DKBA ကြားမှာ ပြီးခဲ့တဲ့ လ ကတည်းက တင်းမှာမှုတွေ ဖြစ်လာတာပါ။ ကော့ကရိတ် နဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့ အနား မှာ နှစ်ဖက်ကြား ပစ်ခတ်မှု တွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုံးက အစိုးရ က DKBA ထိပ်တန်းအရာရှိ တယောက်ကို ဖမ်းဝါးရမ်း ထုတ်တယ် ဆိုတဲ့ နောက်မှာ တော့ အခုလို အနေအထား ကို ရောက်လာတာပါ။

အခု တိုက်ပွဲဟာအစိုးရစစ်တပ်က၊ တပ်ခွဲ ၄ ခွဲနဲ့တပ်စိတ် ၂ စိတ်ဟာ၊ DKBA တွေ ထိန်းချုပ်ထားတဲ့ နေရာတွေ ကို သိမ်းယူဖို့အသွားမှာ တိုက်ခိုက်ကြတာ မို့၊ ဒီတိုက်ပွဲဟာ ဒီမှာတင် ရပ်မယ် လို့ မထင်တဲ့ အကြောင်း အကဲ ခတ်တွေ က ပြောပါတယ်။