ထိုင်းဝန်ကြီးချုပ် ခရီးစဉ် ပြီးဆုံး

  • 10 အောက်တိုဘာ 2014
_bbc_304x171_bbc
Image caption ထိုင်းဝန်ကြီးချုပ် ရွှေတိဂုံ ဘုရားဖူး

မြန်မာနိုင်ငံ ကို နှစ်ရက်ကြာ လာရောက် တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချား ဟာ အောက်တိုဘာ ၁၀ရက်၊ နေ့လည် ၂ နာရီ က ထိုင်းနိုင်ငံ ကို ပြန်လည် ထွက်ခွာသွားပါပြီ။ မနက်ပိုင်း တုန်း ကတော့ ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချား ဟာ ရွှေတိဂုံ ဘုရား ကို တက် ရောက် ဖူးမြှော်ပြီး၊ ထိုင်းသံရုံး မှာလည်း ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ နဲ့ တွေဆုံ ဆွေးနွေး ခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ဘန်ကောက် လေဆိပ် ကို ရောက်ရောက်ချင်းမှာ ဘဲ၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ယောက်ရဲ့ လူသတ်မှု စွပ်စွဲခံရတဲ့ အမှု မှာ သတင်းမီဒီယာ အနေနဲ့ ခန့်မှန်း ပြောဆို ရေးသားမှုတွေ ကို ရပ်ကြဖို့၊ စုံစမ်း စစ်ဆေးသူ တွေ ဘက်က သူတို့ လုပ်စရာရှိတာ ကို လုပ်ပါစေ လို့ သတင်းထောက်တွေ ကို ပြောပါတယ်။

မနေ့တုန်းက နိုင်ငံတော် သမ္မတ ဉီးသိန်းစိန် နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး၊ ထားဝယ်စီးပွားရေးဇုံ ဖွံ့ဖြိုးရေး၊ မူးယစ်နဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ထိုင်းရောက် မြန်မာအ်လုပ်သမား အရေး တွေဆွေးနွေးကြပါတယ်။ သမ္မတ ဉီးသိန်းစိန် ကလည်း၊ လူသတ်မှု နဲ့ စွပ်စွဲခံနေရတဲ့၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ယောက်ရဲ့ အမှု ကိုလည်း အမှုမှန် ပေါ်ပေါက်အောင် လုပ်ပေးဖို့ မှာ ကြား လိုက်ပါတယ်။ ဒါ့အပြင် ညီအစ်မ မြို့တွေ တည်ထောင်ရေး အတွက် လည်း နားလည်မှု စာချွန်လွှာ တွေ ရေးထိုးကြပါတယ်။

ရန်ကုန်မြို့တော် ခန်းမရှေ့မှာလည်း၊ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ယောက်ရဲ့ အမှု နဲ့ ပတ်သက်ပြီး၊ ဆန္ဒပြကြပါတယ်။