အလဲဗင်း သတင်းသမားတွေကို စတင် ကြားနာ

  • 12 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်တွင်းက လူသိများတဲ့ ပုဂ္ဂလိက သတင်းစာ တစ်စောင်ကို တရားစွဲတာ ပထမဆုံး ဖြစ်ပါ တယ်

ပြန်ကြားရေး ဝန်ကြီး ဌာန ကနေ တရားစွဲ လိုက်တဲ့ အလဲဗင်း မီဒီယာက အယ်ဒီတာ တချို့ ဟာ ပြီးခဲ့တဲ့ သောကြာ နေ့က နေပြည်တော် ကို ပထမဆုံး ရုံးချိန်း အဖြစ် သွားရောက် ပြီး တရား ရင်ဆိုင် ခဲ့ကြ ပါတယ်။

နိုင်ငံခြားက ပုံနှိပ်စက် တွေကို အစိုးရ က ဝယ်ယူမှုတွေ နဲ့ ပတ်သက်ပြီး အဂတိ လိုက်စားမှု ရှိ မရှိ ဆိုတဲ့ အပေါ် အလဲဗင်း မီဒီယာက ထောက်ပြ ရေးသား ရာ ကနေ အခုလို တရား စွဲတဲ့ အထိ ဖြစ်ခဲ့ ရတာလို့ အလဲဗင်း မီဒီယာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါတယ်။

အစိုးရ ဘက် ကတော့ အလဲဗင်း မီဒီယာရဲ့ ရေး သားချက် တွေဟာ ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ ဂုဏ် သိက္ခာကို ထိခိုက် စေပြီး၊ မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီက တဆင့် ညှိနှိုင်း တာကို လက်မခံ လို့ တရား စွဲတယ်လို့ ပြောပါတယ်။

အလဲဗင်း ဘက် ကတော့ စာနယ်ဇင်း ကောင်စီ ကနေ ဖြေရှင်းရန် အကြောင်း မရှိ ဘူးလို့ အကြောင်းပြန် ခဲ့တာ ဖြစ်ပါတယ်။

အလဲဗင်း မီဒီယာက အယ်ဒီတာ အဖွဲ ဝင် အချို့ ဟာ နေပြည်တော် ပုဗ္ဗသီရိ ရုံးက ပထမဆုံး ရုံးချိန်း သွားရောက် ခဲ့ ပြီးတော့ အမှု အတွက် အာမခံ လျှောက်ထား ခဲ့ ပါတယ်။

အစိုးရသစ် လက်ထက် မီဒီယာတွေ သတင်း သမားတွေ ကို တရားစွဲ တာ ဖမ်းဆီး တာတွေ ဟာ အထူး အဆန်း မဟုတ် ပေမဲ့ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာ လုပ်ငန်း တွေ လုပ် နေတဲ့ ပြန်ကြားရေး ဝန်ကြီး ဌာနက ပြည်တွင်းက လူသိများတဲ့ ပုဂ္ဂလိက သတင်းစာ တစ်စောင်ကို အခု အမှု ဖွင့် တရားစွဲ လိုက်တာ ကတော့ ပထမဆုံး ဖြစ်ပါ တယ်။

အစိုးရ အပါဝင် တရားစီရင် ရေး ဥပဒေ ပြု ရေး တို့ ကပါ ပြည်တွင်း မီဒီယာ သမား တွေနဲ့ အပြန် အလှန် နားလည်မှု ရှိအောင် တွေ့ဆုံ ဆွေးနွေး တာတွေ လုပ်တဲ့ အချိန်မှာ အခုလို အစိုးရ ဘက်က တရားစွဲ တာတွေ ရှိနေတာ ကြောင့် ပြည်တွင်း မီဒီယာ သမားတွေဟာ အရင်ထက် ပိုပြီး ရေးသား တင် ပြမှုတွေ ကို ပိုပြီး သတိ ထား နေရတယ် လို့လည်း ပြည်တွင်း သတင်း သမားတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ