စွပ်စွဲခံ မြန်မာတွေအမှု ဥပဒေနဲ့ညီစေဖို့ လွှတ်တော်ဥက္ကဌ တိုက်တွန်း

  • 13 အောက်တိုဘာ 2014
Two Burmese workers are suspected of murdering two british tourists ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိန် နိုင်ငံသား နှစ်ယောက်ကို သတ်မှုအတွက် စွပ်စွဲခံရသူ မြန်မာ အလုပ်သမားနှစ်ယောက်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ လူသတ်မှုနဲ့ စွပ်စွဲခံ ထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးအမှုမှာ တရား မျှတစေဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ထိုင်းလွှတ်တော်ဥက္ကဌကို တောင်းဆိုစာ ပေးပို့လိုက် ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းရှေ့နေများ ကောင်းစီက ကူညီဆောင်ရွက်ပေးမှာဖြစ်ပြီး ပါဝင် ဆောင်ရွက်မယ့် သူတွေကို သံရုံး ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးဝင်းမောင်က စာထုတ် ပေးလိုက်ပြီလည်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ ကော်တောင်ကျွန်းနဲ့ သိပ်မဝေးတဲ့ ကော်စမွီကျွန်း တရားရုံးမှာ တရားလိုပြ သက်သေ ၃ ယောက်ကို အောက်တိုဘာ ၁၄ ရက် အင်္ဂါနေ့ကျရင် တရားသူကြီးရှေ့မှာ ကြိုတင် စစ်ချက် ယူထားမယ်လို့ တရားခံ ဘက်က ရှေ့နေ အဖြစ်လိုက်ပါ ဆောင်ရွက်ပေးမယ့် ထိုင်းရှေ့နေ အသင်းက ထနူး အေကာချုတ်ခ်က ပြောပါတယ်။

တရားရုံးမှာ စွဲချက် မတင်ရသေးတဲ့ ဒီအမှုအတွက် တရားလိုပြ သက်သေ ၃ ယောက်က နိုင်ငံခြားသား ဖြစ်နေတဲ့အတွက် သူတို့နိုင်ငံကို ပြန်မယ်ဆို ပြန်နိုင်အောင် တရားသူကြီးကို သက်သေထူပြီး အစိုးရ ရှေ့နေက စစ်ချက်ယူမှာလို့ သူက ပြောပါတယ်။

သူတို့ကို အစိုးရ ရှေ့နေက စစ်ဆေးခွင့်ရှိသလို တရားခံ ရှေ့နေကလည်း စစ်မေးမြန်းခွင့်ရှိတဲ့ အတွက် ထိုင်းရှေ့နေနဲ့ သံရုံး ကိုယ်စားလှယ် မြန်မာနိုင်ငံသား တချို့ လည်း သွားရောက်မှာ ဖြစ်တယ်လို့ ထိုင်းရှေ့နေ အသင်းက ထနူး အောက်ချုတ်ခ်က ပြောပါတယ်။

တရားခံလို့ စွပ်စွဲ ခံထားရသူ မြန်မာအလုပ်သမား နှစ်ယောက်ကို ရိုက်နှက်ပြီး ဝန်ခံခိုင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်နေ တာကြောင့် ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်သူတွေကို ထိုင်း လူ့အခွင့်အရေး ကော်မရှင်က ဆင့်ခေါ်ထားတဲ့ အတွက် အခုလ ၂၀ ရက်နေ့မှာ ရှင်းလင်းရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ