အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေ တိုက်ပွဲဖြစ်

  • 16 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် tnla

မြန်မာ အစိုးရ တပ်ဖွဲ့တွေ ကနေ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ဖြစ်တဲ့ ကချင်၊ ကိုးကန့် နဲ့ TNLA တအာင်း တပ်ဖွဲ့ တွေကို ကြာသပတေး နေ့က အင်အား အလုံး အရင်းနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ တအာင်း တပ်ဖွဲ့ဘက် က ပြောပါတယ်။

ရှမ်းပြည် မြောက်ပိုင်း၊ တာမိုးညဲ မြို့နယ်၊ လွယ်ကန် - ပန်ဖျက် ဒေသမှာ တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ အစိုးရ တပ် အင်အား ၄၀ဝ လောက် နဲ့ ထိုး စစ်ဆင် ခဲ့တာ လို့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နိုင်ငံခြားရေး တာဝန်ခံ ဦးတာပန်လှ က ဘီဘီစီကို ပြောပါတယ်။

အစိုးရ တပ်တွေ ကနေ တစုံ တရာ သတိပေး ပြောကြား တာမျိုး မရှိပဲ ဝင် တိုက်ခဲ့ တာလို့ ဦးတာပန်လှက ပြောပါတယ်။

တိုက်ပွဲကြောင့် TNLA တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားပြီး ကချင်နဲ့ ကိုးကန့် အဖွဲ့ ထိခိုက်မှု ကိုတော့ မသိဘူးလို့ သူက ပြောပါတယ်။

အစိုးရနဲ့ TNLA တို့ တဖွဲ့ခြင်း အပစ် အခတ် ရပ်စဲရေး ဆွေးနွေးဖို့ အခု လဆန်းပိုင်းက သမ္မတ ဦးသိန်းစိန် ဆီ စာပေးပို့ ထား ပေမယ့် အကြောင်း ပြန်ကြားခြင်း မရှိ သေးဘူးလို့ ဦးတာပန်လှက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ