မြန်မာပြည်မှာ အမြဲနေခွင့် ၅ နှစ် တကြိမ်စနစ်

  • 17 အောက်တိုဘာ 2014
london_property_investors ဓာတ်ပုံ မူပိုင် BBC London
Image caption ပြည်တွင်းရင်းနှီးမြုပ်နှံ လိုသူ စိစစ်လက်ခံ

ပီအာ လို့ ခေါ်တဲ့ မြန်မာနိုင်ငံမှာ အမြဲတန်း ၅ နှစ် တကြိမ် ခွင့်ပြုမဲ့ စနစ် ကို အကောင်အထည် ဖေါ်ဖို့ နည်းဥပဒေ ကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန က ရေးဆွဲထားပြီး၊ လွှတ်တော် ကလည်း အသိအမှတ် ပြုပြီးပါပြီ။ လျှောက်ထား ခွင့် နဲ့ ပတ်သက် လို့ ရှေ့လဆန်း ပိုင်း မှာ ကြေညာမှု ပြုတော့မှာပါ။

လွှတ်တော်ဘက် ကလည်း၊ အစိုးရ ရဲ့ ခွင့်ပြုချက် ရပြီးရင် ဆက်လက် ဆောင်ရွက်သွားရန် ဆိုတဲ့ အချက် ကျလာမဲ့ အကြောင်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။

အစိုးရ အဖွဲ့ကို မတင်မီ၊ နာယက ဒါမှမဟုတ် ဒုတိယ သမ္မတ က ဦးဆောင်ပြီး၊ အမှတ်ပေးစည်းမျဉ်း ဆိုင်ရာ အစည်းအဝေး လုပ်ပြီးလို့၊ အတည်ပြုလိုက်တာနဲ့ အစိုးရ ကို တင်မဲ့ အကြောင်း ဦးမောင်မောင်သန်း က ရှင်းပြပါတယ်။

အမှတ်ပေး စနစ် ဆိုရာမှာလည်း၊ ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ တွေ ရဲ့ အရည်အချင်းနဲ့ အနေအထား၊ ပြည်ပရောက် မြန်မာနိုင်ငံသားဆိုရင်လည်း၊ သူတို့ရဲ့ ပညာအရည်အချင်း နဲ့ ကျွမ်းကျင်မှု စတာတွေ ကိုလည်း အမှတ်ပေးစနစ် နဲ့ ရွေးချယ် မှာပါ။ တနှစ် ကို လူဦးရေ သတ်မှတ်ပြီး လက်ခံဖို့ ရှိပါတယ်။ ဒီ လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး၊ နိုဝင်္ဘာလဆန်း က စပြီး၊ အသိပေး ကြေညာမဲ့ အကြောင်း၊ အင်တာနက် စာမျက်နှာ မှာလည်း တင်မဲ့ အကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ဘီဘီစီ ကို ပြောပါတယ်။