KNU/KNLA (PC)ကနေ ထုတ်ခံရမှုကို ဗိုလ်မှုးကြီး တိုက်ဂါး တုန့်ပြန်

  • 18 အောက်တိုဘာ 2014
_knu_thaungyin2
Image caption ကရင် လက်နက်ကိုင် အဖွဲ့တွေ ပေါင်းပြီး ကော်သူးလေ တပ်မတော် ဖွဲ့ဖို့ သဘောတူညီချက် ထုတ်ပြန် ထားပါတယ်။

ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) ကနေ ထုတ်ပယ် လိုက်တယ် ဆိုပြီး ကြေညာ ခံထားရတဲ့ ဗိုလ်မှုးကြီး တိုက်ဂါးက သူဟာ ကရင် တိုင်းရင်းသား တွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ရဲ့ ငြိမ်းချမ်းရေး အတွက် ကရင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ စုစည်းပြီး ကော်သူးလေ တပ်မတော် KAF ဖွဲ့စည်းရေး သဘော တူညီချက် မှာ ဝင်ရောက် လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။

သူ့ရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ KNU/KNLA (PC) အနေနဲ့ ကော်သူးလေတပ်မတော် KAF ဖွဲ့စည်းရာမှာ ဆက်လက် ပါဝင်မှာလား၊ ဒါမှမဟုတ် ဗိုလ်မှုးကြီး တိုက်ဂါး နေရာမှာ တခြားသူ တစ်ဦးကို အစားထိုး ခန့်မှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဗိုလ်မှုးကြီး တိုက်ဂါးကို ထုတ်ပယ်လိုက်တဲ့ အကြောင်းတွေ ထဲမှာ မြန်မာဘက်ခြမ်း ဝင်ရောက် လာတဲ့ ထိုင်း ကုန်တင် ယာဉ်တွေကို နယ်စပ် မြဝတီမြို့မှာ ဗိုလ်မှုးကြီး တိုက်ဂါးက ဖမ်းဆီးခဲ့တဲ့ အချက်လည်း ပါဝင်နိုင်ကြောင်း သုံးသပ် ထားမှုတွေ ရှိနေပါတယ်။

ဒီအချက်နဲ့ ပတ်သက် ပြီးတော့လည်း ဗိုလ်မှုးကြီး တိုက်ဂါးက ထိုင်းနိုင်ငံထဲမှာ မြန်မာ နိုင်ငံသားတွေကို ထိုင်း အာဏာပိုင်တွေက နိုင့်ထက်ကလူ ပြုမူ နေကြတာတွေ အပေါ် သူ့အနေနဲ့ တုန့်ပြန် ဆောင်ရွက် ခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ