အလွတ် သတင်းထောက် တယောက် ပျောက်ဆုံး

  • 18 အောက်တိုဘာ 2014
dkba ဓာတ်ပုံ မူပိုင် AFP
Image caption ဒီကေဘီအေ တိုက်ပွဲသတင်း လိုက်ရင်း အဆက်အသွယ် ပြတ်

ပြီးခဲ့တဲ့ လကုန်ပိုင်း က ကရင် ပြည်နယ် ထဲမှာ သတင်း ရယူ နေတုန်း ပျောက်ဆုံး သွားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီးခေါ် ကို အောင်ကျော်နိုင် ဘယ်ရောက်နေလဲ အခု ချိန်ထိ မိသားစုက တိတိကျကျ မသိရသေး တဲ့အတွက် ဇနီး ဖြစ်သူက လိုက်လံ စုံစမ်း နေပါတယ်။

စက်တင်ဘာလ ၂၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း သွားယူမယ် ဆိုတာ နောက်ဆုံး သိရပြီး အောက်တိုဘာ လ ၆ ရက်နေ့မှာ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာ မှာ ကိုပါကြီး ပျောက်နေတဲ့ သတင်း သူ့မိတ်ဆွေ တွေက တင်ထားတာ တွေ့ရတယ် လို့ ကိုပါကြီးရဲ့ ဇနီး မသန္တာက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်ထဲက သူနဲ့ အဆက်အသွယ် ပြတ်သွားပြီး ရဲကင်းက မသင်္ကာလို့ သူ့ကို စစ်တပ်ကို ဖမ်းခိုင်းတယ်လို့ မိတ်ဆွေတွေက ပြောတယ်လို့ ဆိုပါတယ်။

ကိုပါကြီးကို ဒီကေဘီအေ လို့ သံသယ ရှိလို့ ဖမ်းဆီး ထားတယ် လို့ ကြားသိ ရပြီး သူ့ဆီမှာ ဒီကေဘီအေ၊ ကေအင်ယူ စတဲ့ အဖွဲ့ တွေက သတင်းလိုက်ခွင့် ကတ်တွေ ရရှိတယ် လို့ သိရပါတယ်။

ကရင်နဲ့ မွန် ပြည်နယ်က သတင်းထောက် တွေက မွန်ပြည်နယ် နယ်စပ် လုံခြုံရေး ဝန်ကြီး ဆီ သွားပြီး ပျောက်ဆုံးနေတဲ့ သတင်းထောက် အတွက် စုံစမ်း တဲ့ အခါ တပ်ရင်း ၂ဝ၈ မှာ ဖမ်းထားတယ် လို့သာ သိရပြီး အဲဒိ တပ်ရင်းမှာ သွားစုံစမ်း ဖို့ ပြောတယ်လို့ မသန္တာက ပြောပါတယ်။

ကိုပါကြီး ပျောက်ဆုံးမှု အတွက် ကျိုက်မရော ရဲစခန်းမှာ အမှုဖွင့် စုံစမ်း သွားမယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ