ပီအာ စနစ်ကို လှိုင်သာယာမှာ ကန့်ကွက် ဆန္ဒပြ

  • 19 အောက်တိုဘာ 2014
Image caption အရင် ကလည်း ပီအာ စနစ်ကို ကန့်ကွက် ဆန္ဒပြ တာတွေ ရှိခဲ့ပါတယ်

ရွေးကောက်ပွဲ အတွက် အချိုးကျ ကိုယ်စားပြု ပီအာ စနစ်ကို လှိုင် သာယာ မြို့နယ်မှာ လူ ၁၀၀၀ လောက် တနင်္ဂနွေနေ့က ကန့်ကွက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒီ စနစ်ဟာ လက် ရှိ ၂၀၀၈ အခြေခံ ဥပဒေနဲ့ မညီဘဲ၊ ပုဒ် မ ၁၅ နဲ့ ၁၇ မှာ အဓိက ဆန့်ကျင် နေတယ်လို့ ဒီဆန္ဒပြ ပွဲမှာ ပါဝင်သူ တစ်ဦး ဖြစ်တဲ့ ကို မြတ်မင်းသူ က ဘီဘီစီကို ပြောပါ တယ်။

ပြည်သူ့ လွှက်တော် မှာ သင့်လျော်တဲ့ ရွှေးကောက်ပွဲ စနစ် တစ်ခု ပြောင်းဖို့ ပြင်ဆင်နေ ချိန်မှာပဲ၊ အခုလို ကန့်ကွက် ဆန္ဒပြနေကြတာ ဖြစ်ပြီး၊ အခြေခံ ဥပဒေ နဲ့ မကိုက်ညီ လို့ ဆိုပြီး ကန့်ကွက် တာ ကတော့ ဒါ ထမဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံ ဥပဒေ ပုဒ်မ ၃၈ မှာ ပါတဲ့ ရွှေးကောက် တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်ကို မဲ ဆန္ဒရှင် များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ အညီ ရုပ်သိမ်း ခွင့် ရှိတာ ဆိုတာနဲ့ လည်း ဆန့်ကျင် နေတယ်လို့ လေ့လာသူ တွေက ထောက်ပြကြ ပါတယ်။

ပြည်သူ့ လွှတ်တော်ထဲ မှာတော့ ဒီ ပီအာ စနစ် ဟာ အခြေခံ ဥပဒေ နဲ့ ဆန့်ကျင် ပါတယ် ဆိုပြီး အချက် အလက် နဲ့ ထောက်ပြ ကန့်ကွက် တာမျိုး မရှိသေး ပါဘူး။

ဒါပေမဲ့ လာမယ့် အင်္ဂါနေ့ မှာတော့ ပြည်သူ့ လွှတ်တော် အတွက် သင့်တော်တဲ့ ရွေးကောက်ပွဲ နည်းစနစ် အနည်းဆုံး နည်းလမ်း ခုနစ်ခု ရွေးပေးဖို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကော်မရှင် ကို တာဝန်ပေး ထားပါတယ်။

အမျိုးသား လွှတ်တော် မှာတော့ ပီအာ စနစ်ကို အတည်ပြု ခဲ့ပြီ ဖြစ်ပြီး ပြည်သူ့ လွှတ်တော် မှာတော့ ပီအာ နဲ့ တိုက်ရိုက် ရွေးစနစ် အတွက် မကြာမီ မဲခွဲ ဆုံးဖြတ် ကြဖို့ ရှိနေ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ