စွပ်စွဲ​ခံ မြန်မာ ၂​ဦး လူသတ်​မှု ကျူးလွန်​ကြောင်း ဝန်ခံ​ခဲ့​မှု​ကို ပြန်လည် ရု​တ်သိမ်း

  • 21 အောက်တိုဘာ 2014
thai_britain_killed_
Image caption ဗြိတိသျှ နှစ်ဦး အသတ်ခံရမှု အတွက် ဖမ်းဆီး ခံထားရသူ ၂ ဦးက ဖြောင့်ချက်ကို ပြန်လည် ရုတ်သိမ်း

ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ ထိုင်း နိုင်ငံ ကော်စမွီကျွန်း ထောင်မှာ စွပ်စွဲ ချုပ်နှောင် ခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့က သူတို့ အနေနဲ့ ပြစ်မှု မကျူးလွန် ခဲ့ဘူး ဆိုပြီး နှစ်ဦးလုံးက ပြောလိုက် ပါတယ်။

ထိုင်း ရှေ့နေများကောင်စီ နဲ့ မြန်မာသံရုံးက တာဝန် ပေးထားတဲ့ ထိုင်းရှေ့နေ ၃ ဦးဟာ အောက်တိုဘာ ၂၁ ရက် အင်္ဂါနေ့ က သူတို့ ၂ ဦးနဲ့ ၆ နာရီကြာ သွားရောက် တွေ့ဆုံခဲ့စဉ် အတွင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

စွပ်စွဲ ခံထား ရသူတွေ ရဲ့ အခုလို ပြောဆိုမှု အပေါ် ယုံကြည်မှု ရှိပြီး၊ ဥပဒေ အရ တရားမျှတမှု ရအောင် ကြိုးစား သွားမယ်လို့ ကိုယ်တိုင် တွေ့ဆုံခဲ့သူ တစ်ဦးဖြစ်တဲ့ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ ထနူး အောက်ချုပ်ခ် က ပြောပါတယ်။

ထိုင်းရဲစခန်း မှာ စစ်မေး ခံရစဉ်တုန်း က အရိုက်အနှက် ခံခဲ့ရတဲ့ အတွက် ကျူးလွန်ကြောင်း ဝန်ခံ ခဲ့ရတာ လို့ စွပ်စွဲ ခံထား ရသူတွေ က ပြောကြောင်းလည်း မစ္စတာ အောက်ချုပ်ခ် က ဆိုပါတယ်။

အခုဆိုရင် စွပ်စွဲ ခံထား ရသူတွေဟာ ကျူးလွန်ကြောင်း ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်း လိုက်ပြီ ဖြစ်ပါတယ်။

စွပ်စွဲ ခံထားရသူ ၂ ဦးရဲ့ မိဘ ဆွေမျိုးတွေဟာ အောက်တိုဘာ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်လာမှာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ မိဘဆွေမျိုးတွေနဲ့ တွေ့ပြီးရင် ဖြစ်ရပ် မှန်တွေကို ပိုမို ပြော နိုင်လိမ့်မယ် လို့ ယူဆကြောင်း မစ္စတာ အောက်ချုတ်ခ် က ပြောပါတယ်။

ထိုင်း ရှေ့နေများ ကောင်စီဟာ ငွေကြေး မတတ်နိုင်သူတွေ နဲ့ ဥပဒေ အကာအကွယ် ရယူဖို့ အခက်အခဲ ရှိသူတွေကို ကူညီ အမှုလိုက်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ