ရွေး​ကောက်​ပွဲ ကာလအတွက် သ​တင်း​သမား လမ်း​ညွှန်​စာအုပ် ရေး​ဆွဲ​မယ်

  • 22 အောက်တိုဘာ 2014
burma_press_ ဓာတ်ပုံ မူပိုင် AFP
Image caption ရွေးကောက်ပွဲ သတင်းတွေ မြန်မြန် ရနိုင်ဖို့ ကော်မရှင်က ဆောင်ရွက်ပေးမယ်။

၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ သတင်းသမားတွေ သတင်းရယူ ထုတ်ပြန်ရာမှာ အထောက်အကူ ပြုစေမယ့် လမ်းညွှန်စာအုပ် တစ်အုပ်ကို စာနယ်ဇင်း ကော်မတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း ပြုစုကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က၊ ရွေးကောက်ပွဲ ကော်မရှင် ဘက်ကနေ စာနယ်ဇင်း ကောင်စီကို ခေါ်ယူ တွေ့ဆုံ ခဲ့တာကနေ အခုလို လမ်းညွှန်စာအုပ် ရေးသားဖို့ ဖြစ်လာတာပါ။

ဒါ့အပြင် သတင်းသမားတွေ ဘက်က တောင်းဆိုတဲ့၊ ရွေးကောက်ပွဲ သတင်းတွေ ရယူ ထုတ်ပြန်တဲ့ နေရာမှာ အမှားအယွင်းနည်းပြီး ပိုမို လွယ်ကူ မြန်ဆန် နိုင်တဲ့ နည်းလမ်းတွေကို ကော်မရှင်ဘက်က ဖန်တီးပေးမယ့် အကြောင်း သဘော တူခဲ့ပါတယ်။

လာမယ့် တစ်လ အတွင်း ရွေးကောက်ပွဲ သတင်း ထုတ်ပြန်ပုံ လမ်းညွှန် စာအုပ် ရေးဆွဲသွားဖို့ ရည်ရွယ် ထားတယ်လို့ စာနယ်ဇင်းကောင်စီဝင် ဦးသီဟစောက ပြောပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ပထမပတ် နောက်ဆုံး ထားပြီး ကျင်းပမယ် လို့ ကော်မရှင် ဘက်က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ