ပုဒ်မ ၄၃၆ ကို တပ်မတော် အမတ်တွေ မပြင်လို

  • 23 အောက်တိုဘာ 2014
Image caption ပုဒ်မ စုစုပေါင်း ၄၅၀ ကျော်ထဲက ပုဒ်မပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ဖို့ အကြံ ပြုထား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေက မပြင်ဆင် လိုကြောင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အကောင် အထည် ဖော်မှု ကော်မတီ က ပြည်ထောင်စု လွှတ်တော် ကို တင်သွင်းတဲ့ အစီရင် ခံစာမှာ ဖေါ်ပြ ပါရှိ ပါတယ်။

အောက်တို ဘာ၂၂ ရက်နေ့က တင်သွင်း လိုက်တဲ့ ဒီအစီရင် ခံစာမှာ ပုဒ်မ စုစုပေါင်း ၄၅၀ ကျော်ထဲက ပုဒ်မပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ဖို့ အကြံ ပြုထား ပါတယ်။

ပုဒ်မ ၄၃၆ ဟာ အခြေခံ ဥပဒေ ကိုပြင်မယ် ဆိုရင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းနဲ့ အထက် သဘောတူ ပြီးတော့ ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ လုပ်ရမယ် ဆိုတဲ့ အချက် ဖြစ်ပါ တယ်။

စစ်တပ်က တိုက်ရိုက် ခန့်အပ် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဘက်က ပုဒ်မ ၄၃၆ ကို မပြင် လိုဘူးလို့ ပြောလိုက်တဲ့ အတွက် ၄၃၆ ပြင် ဆင်ရေး ဟာ အခွင့် အလမ်း နည်းသွား ပါပြီ။

ဒီအတွက် ဒီ အချက်ကို ပြင်ဆင် ရေးဟာ အခြေခံ ဥပဒေပါ တခြား အချက်တွေ ပြင်ဆင်ရေး အတွက်ပါ အဓိက အရေး ကြီးဆုံး အချက် ဖြစ်ပါတယ်။

ဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ ၄၃၆ အပါ အဝင် အခြား ဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်မှာ အချိန်ယူပြီး ဆက်လက် ဆွေးနွေး မှုတွေ လုပ်ရမှာ ဖြစ်တယ်လို့ ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေး အကောင် အထည် ဖော်မှု ကော်မတီဝင် ဦးတီခွန်မြတ်က ပြောပါတယ်။

ဒီ အစီရင် ခံစာနှင့် ပတ်သက် ဆွေးနွေး မယ့် လွှတ်တော် ကိုယ်စားလှယ် များတွေကို ဖိတ်ခေါ် ထားပြီး ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးပြီး နောက်မှာ အစီရင် ခံစာ အပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ဥပဒေကြမ်း ဆက်လက် ရေးဆွဲ ရမှာ ဖြစ်ပါတယ်။

အဲဒီနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ၆ လ အလို ကာလမှာ အပြီး ပြင်ဆင် ဆောင်ရွက် ရမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြောထား ပါတယ်။

အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် NLD ပါတီ ကဦး ဆောင်ပြီး လက်မှတ် ရေးထိုးတဲ့ လှုပ် ရှားမှု ရှိခဲ့ပြီး၊ ပြင်ဆင်ဖို့ ထောက်ခံတဲ့ လက်မှတ် ၅ သိန်း ကျော် စုဆောင်းပြီး လွှတ်တော် ကိုလည်း ပို့ ထားတာ ရှိပါတယ်။

ဒါ့အပြင် လွှတ်တော် ထဲမှာ ရောက်နေတဲ့ အမတ် အများစု ပါတီ ဖြစ်တဲ့ အာဏာရ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကလည်း အခြေ နေနဲ့ လိုက်လျော ညီစွာ ပြင်ရမယ် လို့ မှတ်ချတ် ပြုထား ပါတယ်။