ကိုပါကြီးဇနီးက ဥပဒေနဲ့အညီ ရင်ဆိုင်မယ်လို့ ပြော

  • 25 အောက်တိုဘာ 2014
Ko Par Gyi, Ma Thandar ဓာတ်ပုံ မူပိုင် three colours
Image caption ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်

မွန်ပြည်နယ်တွင်းမှာ တပ်မတော်ကနေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်နဲ့ပါတ်သက်ပြီး ဥပဒေအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ဇနီးသည် မသန္တာက ပြောပါတယ်။

အစိုးရဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ ကရင်လက်နက်ကိုင် KKO ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး ဖမ်းဆီးထားစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်သတ်ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။

ကြာသပတေးနေ့ နေ့စွဲနဲ့ တပ်ဘက်က ထုတ်ပြန်ချက်အရ ကိုပါကြီးဟာ အောက်တိုဘာလဆန်းကတည်းက သေဆုံးခဲ့ပါတယ်။ ဒီကြားထဲမှာ ဇနီးသည်နဲ့အတူ မိတ်ဆွေတွေနဲ့ မွန်နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေက ကိုပါကြီးအကြောင်း လိုက်လံစုံစမ်းခဲ့ပေမယ့် သတင်းအတိအကျ မရခဲ့ကြပါဘူး။

ကိုပါကြီးဟာ သမားရိုးကျသေဆုံးတာ မဟုတ်ပဲ ညှဉ်းပမ်းနှိပ်စက်ခံရပြီး သေဆုံးတဲ့အတွက် ကျူးလွန်သူတွေကို ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ကျန်ရစ်သူ ဇနီးသည် မသန္တာက ပြောပါတယ်။