ကို​ပါ​ကြီး အမှု​မှာ စစ်​တပ်​က ဥပဒေ ချိုး​ဖောက်​ခဲ့​ကြောင်း ဝေဖန်​နေ

  • 26 အောက်တိုဘာ 2014
_par_gyi_ ဓာတ်ပုံ မူပိုင် three colours
Image caption မသင်္ကာလို့ ဖမ်းဆီး မိရင်တောင် စစ်ကြော ပြီးရင် ဥပဒေနဲ့ အညီ ရုံးတင် သင့်တယ် လို့ စစ်တပ်ရဲ့ ပစ်သတ် ခံခဲ့ရတဲ့ ကိုပါကြီး အမှုနဲ့ ပတ်သက်ပြီး ဝေဖန် သူတွေက ပြောပါတယ်။

ကိုပါကြီး ပစ်သတ် ခံရမှုမှာ အစိုးရ စစ်တပ်ဘက်က တည်ဆဲ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေကို လျစ်လျူရှုပြီး ဥပဒေမဲ့ လုပ်တယ် လို့ ယူဆထားတဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲဖို့ ပြင်ဆင် နေပါတယ်။

ကိုပါကြီးကို ဖမ်းဆီးပြီး ထိန်းသိမ်း ထားခဲ့တဲ့ လုပ်ရပ်တွေမှာ ဥပဒေနဲ့ အညီ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တာမျိုး၊ တရားရုံးမှာ ရမန်ရယူတာမျိုး မရှိတဲ့ အပြင်၊ သေဆုံး သွားတဲ့ အခါမှာလည်း သေမှုသေခင်း ဖွင့်ဖို့ ပျက်ကွက်ရုံ သာမက၊ ဆေးရုံမှာ သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ စပ်လျှဉ်းပြီး တရားဝင် မှတ်ချက်ချမှု ကို ရယူ ခဲ့ခြင်းလည်း မရှိခဲ့ဘူး လို့ မိသားစုဘက် က ရှေ့နေ လိုက်ပေးမယ့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင် က ထောက်ပြပါတယ်။

ရှေ့တန်း စစ်မျက်နှာမှာ မသင်္ကာသူ ဒါမှမဟုတ် သုံ့ပမ်း အနေနဲ့ စစ်တပ်က ဖမ်းဆီး ခဲ့ရင်တောင် လိုအပ်တဲ့ စစ်ကြောမှု မျိုးလုပ်ပြီး၊ သက်ဆိုင်ရာ ခုံရုံးမှာ ဥပဒေကြောင်း အတိုင်း တရားစွဲဆို ရမှာ ဖြစ်ကြောင်းနဲ့၊ တရားလက်လွတ် ပစ်ခတ် သတ်ဖြတ်တာမျိုး မလုပ်ရဘူး ဆိုပြီး ၂၀ဝ၅ ခုနှစ်မှာ စစ်တပ်က အနား ယူထားတဲ့ ဗိုလ်ကြီးနေမျိုးဇင် က ပြောပါတယ်။

ကိုပါကြီး အသတ် ခံရတဲ့ကိစ္စ ကို အမှုမှန် ဖော်ထုတ် ပေးဖို့ သုံးရောင်ခြယ် ကျောင်းသားဟောင်း တွေ၊ ဒီမိုကရေစီ ရေး တက်ကြွ လှုပ်ရှားသူတွေ ဟာ မြို့တော်ခန်းမရှေ့ ဆန္ဒပြ တောင်းဆို သွားဖို့ စီစဉ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ