ကိုပါကြီး သေဆုံးမှု သေမှုသေခင်း အမှုဖွင့်

  • 27 အောက်တိုဘာ 2014
Protesters demand Independent inquiry for the death of freelance journalist ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပါကြီး သေဆုံးမှု အတွက် တာဝန်ရှိသူကို ဖော်ထုတ် အရေးယူဖို့ တောင်းဆို

မြန်မာ အစိုးရ စစ်တပ်က ဖမ်းဆီး ထားစဉ် အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ဦးအောင်ကျော်နိုင် သေဆုံး ခဲ့ရတာနဲ့ ပတ်သက်လို့ သေမှု သေခင်း စုံစမ်းပေးဖို့ တိုင်ကြားချက်ကို ကျိုက်မရော မြို့နယ် ရဲစခန်းက လက်ခံလိုက်ပါတယ်။

ကိုပါကြီးရဲ့ ဇနီး ဖြစ်သူ မသန္တာက အောက်တိုဘာလ ၂၆ ရက်နေ့က ကျိုက်မရော ရဲစခန်းကို သွားရောက်ပြီး အစိုးရ စစ်တပ်က ပစ်သတ်ခဲ့လို့ သေဆုံးသွားခဲ့တယ် ဆိုတဲ့ ကိုပါကြီးရဲ့ အလောင်းကို ပြန်လည် တူးဖော်ပြီး စုံစမ်း စစ်ဆေးမှု ပြုလုပ်ဖို့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ကိုပါကြီးကိစ္စဟာ လူ့အခွင့်အရေးကို ပြောင်ပြောင် တင်းတင်းချိုးဖေါက် လိုက်တဲ့ ကိစ္စဖြစ်လို့ အမှုမှန် ပေါ်ပေါက်ဖို့ တရားမျှတတဲ့ စုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး ကြိုးစား သွားမယ်လို့လည်း မသန္တာက ပြောပါတယ်။

ဒါ့အပြင် သူက ကိုပါကြီးကို သတ်ဖြတ်ခဲ့သူတွေကို တရားဥပဒေ အရ ထိထိရောက်ရောက် အရေးယူတဲ့ အပြင် အရပ်ဖက် တရားရုံးကို လွှဲပြောင်း စစ်ဆေးစေချင်တယ်၊ စစ်ဆေးမှု ပြီးရင် သူ့ခင်ပွန်း အလောင်းကို ပြန်ရလိုတယ်လို့ ပြောပါတယ်။

ဒီအမှုကို လိုက်ပါ ဆောင်ရွက်မယ့် ရှေ့နေ ဦးရောဘတ် ဆန်းအောင်က လည်း အလောင်းကို ပြန်ဖော်ပြီး မှုခင်းဆိုင်ရာ ဆရာဝန်တွေ ပါတဲ့ အဖွဲ့က စစ်ဆေးလိုက်ရင် အမှုမှန် ပေါ်နိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အခု အမှုက စစ်တပ်နဲ့ ပတ်သက်နေတဲ့ အတွက် အရပ်ဖက်တရားရုံးကို လွှဲဖို့ဆိုတာလည်း အခက်အခဲ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် စစ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်မယ် ဆိုရင်လည်း အများပြည်သူ ကြားနာခွင့် ရှိရမယ်လို့ ရှေ့နေ ဦးရောဘတ် ဆန်းအောင်ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ