မဲဆန္ဒရှင် စါရင်း မှတ်ပုံတင်လုပ်ငန်း စမယ်

  • 27 အောက်တိုဘာ 2014
_bbc_304x171_b
Image caption မဲဆန္ဒရှင် စါရင်းဇယား

တနှစ် ကြာမြင့်မယ့် ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်တဲ့ လုပ်ငန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စတင် တော့ မှာပါ။ အဆင့်လေးဆင့် ခွဲပြီး ပြုလုပ်မယ့် ဒီလုပ်ငန်းကို ဘယ်လို ဆောင်ရွက် သွားမလဲ ဆိုတာ နဲ့ အရပ်ဖက် အဖွဲ့အစည်း တချို့ ရဲ့ ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ ပြုတော့ မှာပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးကြမယ့် မဲဆန္ဒရှင်စာရင်းကို အခု သီတင်းပတ်က စပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူသွားမှာ ဖြစ်ပါတယ်။ အဆင့်လေးဆင့် မှာ ပထမဆင့် အနေနဲ့ ရန်ကုန်တိုင်းအတွင်း က မြို့နယ် တော်တော်များများ မှာ စတင် မှာပါ။ သီတင်းပတ် အနည်းငယ်အကြာမှာ ဒုတိယဆင့် အနေနဲ့ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော် တို့လို မြို့ကြီးတွေမှာ ဆက်လုပ်သွားမှာဖြစ်ပြီး နောက်နှစ်ထဲမှာ တနိုင်ငံလုံးကို ဖြန့်ကျက် လုပ်ဆောင် မယ်လို့ သိရ ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ပြင်ဆင်နေတဲ့ PACE အဖွဲ့က အဆင့်ခွဲ လုပ်ဆောင်ရာ မှာလိုအပ် တဲ့ ကွန်ပြူတာ၊ လက်ပ်တော့ပ် လက်ကျန် တွေ နဲ့ ရန်ကုန် မှာ စတင် လုပ်ကိုင်ပြီး၊ နောက်ထပ်မှာတာ တွေ ရမှ နယ်ဘက် မှာ လုပ်ဆောင်မဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မဲဆန္ဒရှင်တွေကို စာရင်းကောက်ယူတဲ့ လုပ်ငန်းဟာ ဂျုလိုင်လမှာ အဆုံးသတ်မှာပါ။ ကောက်ယူရရှိတဲ့ အဲဒိ စာရင်းကို ကွန်ပြူတာစနစ်ထဲ ထည့်သွင်းမှာ ဖြစ်ပြီး ၂၀၁၅ အောက်တိုဘာလမှာ မဲဆန္ဒရှင်စာရင်း အပြီးသတ်ရလဒ် ထွက်ပေါ်လာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

တချိန်တည်းမှာပဲ အရပ်ဖက် အဖွဲ့အစည်းတွေကလဲ မဲဆန္ဒရှင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အသိပညာ ပေးတာတွေ၊ ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူတဲ့ လုပ်ငန်းကို ရွေးကောက်ပွဲ အထောက်အကူပြု နိုင်ငံတကာ အဖွဲ့ IFES က ငွေကြေးနဲ့ နည်းပညာ ပံ့ပိုးကူညီထားတယ်လို့ သိရှိရပါတယ်။