ရွေးကောက်ပွဲစနစ် အသစ်သုံးရင် ပြည်သူ့ ဆန္ဒခံယူသင့်

  • 28 အောက်တိုဘာ 2014
ပြည်သူ့လွှတ်တော် အစည်းအဝေး ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး

လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းပြည်နဲ့ သင့်တော်မယ့် စနစ်ကို ရွေးချယ်ဖို့ ၁၁ကြိမ်မြောက် ပြည်သူ့ လွှတ်တော်မှာ အမတ်တွေ ဆွေးနွေးနေကြပါတယ်။ နိုင်သူအကုန်ယူ စနစ်၊ ပီအာခေါ် မဲအချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပီအာနဲ့ နိုင်သူအကုန်ယူ တဝက်စီပါ၀င်တဲ့စနစ် စသဖြင့် ရွေးကောက်ပွဲစနစ် ၈မျိုးကို လွှတ်ကော်မီတီက အဆိုပြုထားပါတယ်။

NLD ပါတီကတော့ ပီအာစနစ်ကို ကန့်ကွက်ထားပြီး ဘယ်စနစ် သုံးသုံး ပြည်သူတွေရဲ့ ဆန္ဒခံယူ သင့်တယ်လို့ NLD ပါတီ ပုပ္ဖသီရိမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။ သူတို့ပါတီက ပီအာကို ကန့်ကွက်ရာမှာ ရှုံးတာနိုင်တာ အဓိကမဟုတ်ပဲ ပါတီရဲ့ သဘောထားကို ပြတ်ပြတ်သားသား ပြဖို့ဖြစ်တယ် လို့လည်း ဆက်ပြောပါတယ်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ စိုးရင်ကတော့ အခြေခံဥပဒေမှာ လူထု ဆန္ဒခံယူပြီးမှ ပြင်လို့ရတဲ့ ပုဒ်မမျိုးရှိသလို လွှတ်တော်မှာ ၇၅ရာနှုန်း အနိုင်ရရင် ပြင်နိုင်တဲ့ ပုဒ်မတွေလည်း ရှိကြောင်း၊ လာမယ့် ရွေးကောက်ပွဲမှာ ပီအာစနစ်နဲ့သွားဖို့အဆို အောင်မြင်မယ် မအောင်မြင်ဘူး ဆိုတဲ့အဖြေကို ပြောဖို့စောသေးကြောင်း ပြောပါတယ်။

အခုစနစ်၈မျိုးကို လွှတ်တော်အမတ်ပေါင်း ၄၀ကျော်တို့က ဆွေးနွေးပြီးမှသာ မဲခွဲဆုံးဖြတ်မှာဖြစ်လို့ ဘယ်စနစ်နဲ့သွားမလဲဆိုတာ မကြာမီ အဖြေပေါ်တော့မှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ