ဦးအောင်သောင်း အပေါ် အမေရိကန်က ပြစ်ဒဏ်ချ

  • 31 အောက်တိုဘာ 2014
u_aung_thaung
Image caption အကြမ်းဖက်မှု၊ ခြစားမှုတွေ ကျူးလွန်တဲ့ အတွက် ဦးအောင်သောင်း အပြစ်ပေး အရေးယူ ဒဏ်ခတ်ရတာ လို့ အမေရိကန် က ပြော။

ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်း ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေ ချမှတ် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်း မှာ ရှိတဲ့ ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှု အားလုံးကို ထိန်းချူပ်မှာ ဖြစ်သလို၊ အမေရိကန် စီးပွားရေး ကုမ္မဏီတွေလည်း ဦးအောင်သောင်းနဲ့ စီးပွားရေး မဆက်ဆံရဘူးလို့ ကန့်သတ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြုသဘော ဆောင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ပြောင်း ဖော်ဆောင် နေမှုတွေကို ကြံရွယ်ချက် ရှိရှိ ထိခိုက်ပျက်ပြားစေတဲ့ အတွက် အခုလို ပိတ်ဆို့မှုတွေ လုပ်ဆောင်ရတာ လို့ အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချူပ်ရေး ဆိုင်ရာ ဘဏ္ဍာရေး ဌာနရဲ့ ညွှန်ကြားရေးမှုး Adam Szubin အဒမ် ရှူဘင်က ပြောပါတယ်။

ဦးအောင်သောင်းဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေ နဲ့ အကျင့်ပျက် ခြစားမှုတွေ ပြုလုပ်သူ ဖြစ်တယ် ဆိုပြီး တော့လည်း မစ္စတာ ရှူဘင်က ဆိုပါတယ်။

ဦးအောင်သောင်းဟာ အရင် စစ် အစိုးရ လက်ထက်မှာ စက်မှုဝန်ကြီး လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ