ထိုင်းက တရားမဝင် အလုပ်သမားတွေ အတွက် မှတ်ပုံတင် နောက်ဆုံးရက်

ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်း နိုင်ငံမှာ ရွေ့ပြောင်း အလုပ် သမား ၃ သန်း နီးပါး ရှိပြီး၊ အများစု က မြန်မာ နိုင်ငံသား တွေ ဖြစ်

ထိုင်း နိုင်ငံမှာ တရား မဝင် ရောက်နေတဲ့ မြန်မာ ၊ လော နဲ့ ကမ္ဘာဒီးယား နိုင်ငံသား တွေကို ထိုင်း နိုင်ငံက အလုပ် လုပ်ခွင့် မှတ်ပုံတင် ပေးရမှာ သောကြာနေ့ က နောက်ဆုံး နေ့ ဖြစ်ပါတယ်။

အလုပ် သမားတွေနဲ့ ပတ်သက်ပြီး အုပ်စု ၂ ခု ခွဲထား ကာ မှတ်ပုံတင်ဖို့ နောက်ဆုံးနေ့ အထိ စာရင်း ပေးထားတဲ့ သူတွေ အားလုံးကို၊ လက်မှတ် တွေ ထုတ်ပေး သွား မှာ ဖြစ်တယ် လို့ ထိုင်း အလုပ် သမား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စူမေတ် မဟိုစွတ် က ဘီဘီစီ ကို ပြောပါတယ်။

ပြီးရင် တော့ သက်ဆိုင် နိုင်ငံ တွေ အနေနဲ့ နိုင်ငံသား စိစစ်ပြီး၊ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး တာကို ဆက်လုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံကူး လက်မှတ် လုပ်ဖို့ အခက် အခဲ ရှိသူတွေ အတွက်တော့ သူတို့ရဲ့ နောက်ဆုံး အခြေ အနေကို လေ့လာပြီး အကောင်းဆုံး အဖြေ ထုတ်နိုင် အောင်တော့ လုပ်ဆောင် သွားမှာ ဖြစ်သလို၊ တရားဝင် အလုပ် သမား ဖြစ်အောင် လုပ်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

ကြာသပတေးနေ့ အထိ မှတ်ပုံတင် တဲ့ အလုပ် သမားက ၁ သန်းခွဲ ရှိခဲ့ ပြီး၊ ဒီ အထဲမှာ အလုပ် သမား အသစ်တွေ ပါသလို၊ အဟောင်း တွေလည်း ပါဝင် ကြပါ တယ်။

လုံးဝ မှတ်ပုံ မတင်တဲ့ အလုပ် သမားတွေကိုတော့ စိစစ်ပြီး အရေးယူ သွားမယ်လို့ စူမေတ် မဟိုစွတ် က ပြောပါတယ်။

အရင်နှစ် တွေက မှတ်ပုံတင် ထားသူက ၁ သန်းကျော် ရှိတာကြောင့် အခု မှတ်ပုံတင်တဲ့ သူတွေနဲ့ ဆိုရင် ထိုင်း နိုင်ငံမှာ ရွှေ့ပြောင်း အလုပ် သမား ၃ သန်း နီးပါး ရှိတယ်လို့ ခန့်မှန်းရ ပါတယ်။ အဲဒီ အထဲမှာ အများစု ကတော့ မြန်မာ နိုင်ငံသား တွေ ဖြစ်ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ