စုပေါင်းရုံးကို ဟိုတယ် ငှားတာ တရားစွဲမယ်ဆို

  • 1 နိုဝင်ဘာ 2014
Image caption ရန်ကုန်မြို့ ထဲက ရှေးဟောင်း အဆောက် အဦ အတော်များများကို ပုဂ္ဂလိက လွှဲပြောင်းခဲ့

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဘားလမ်းနဲ့ ဘဏ်လမ်း ထောင့်က စုပေါင်းတရားရုံး ကို တိုင်းဒေသကြီး အစိုးရက ပုဂ္ဂလိက ကိုငှားရမ်းပြီး ဟိုတယ် ဖွင့်ခွင့် ပြုတာကို ရှေ့နေများ ကွန်ရက်က တရားစွဲဆို ပြီး တားဆီးသွားမယ် လို့ဆိုပါတယ်။

အင်္ဂလိပ်ခေတ် ကတည်းက ပုလိပ်ရုံး အဖြစ် အသုံးပြု ခဲ့တဲ့ သမိုင်းဝင် အဆောက် အဦကို ပုဂ္ဂလိက လက်ထဲ မငှားရမ်း ဘဲ ထိန်းသိမ်း စောင့်ရှောက်ဖို့ ရှေ့နေတွေက တောင်းဆို နေတာပါ။

ဒါကို ရန်ကုန်တိုင်း အစိုးရက လစ်လျူရှုပြီး ပုဂ္ဂလိက ကုမ္ပဏီ တွေအဆင့်ဆင့် လက်လွှဲ ငှားရမ်း တာကို ခွင့်ပြုနေတယ်လို့ ရှေ့နေများကွန်ရက်က ပြောပါတယ်။

မူလက Flying Tiger ကုမ္ပဏီကို ဟိုတယ် အဖြစ်အသုံးပြုဖို့ ငှားရမ်းခဲ့ပြီး အဲဒီကုမ္ပဏီက နောက်ထပ်ကုမ္ပဏီ တခုကို ထပ်ပြီး လွှဲပြောင်း ငှားရမ်းထားတယ်လို့ တရား လွှတ်တော် ရှေ့နေ ဦးအောင်သိန်း ကဆိုပါတယ်။

အရင်ကလည်း ရှေ့နေတွေ စုပေါင်းပြီး နှစ်ကြိမ် ဆန္ဒပြခဲ့ ပေမယ့် မအောင်မြင် တဲ့အတွက် ဟိုတယ်ဖွင့်မှာကို တားဝရမ်းရဖို့ တရားစွဲမှာဖြစ်တယ်လို့သူက ပြောပါတယ်။