ကိုပါကြီး အလောင်းကို ပြန်ဖေါ်ခွင့် ပြု

  • 2 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် three colours
Image caption ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မယ်

မြန်မာ အစိုးရ စစ်တပ် ဖမ်းဆီး ထားတဲ့ အချိန်မှာ သေဆုံး သွား ခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကို အာဏာပိုင် တွေက ပြန်ဖေါ် ခွင့် ပြု တော့မှာ ဖြစ်ပါတယ်။

ရွှေဝါချောင် ကျေးရွာ မှာ မြှုပ်ထားတဲ့ ကိုပါကြီး အလောင်း ကို လာမယ့် နိုဝင်ဘာ ၅ ရက် နေ့မှာ ပြန်ဖေါ်မှာ ဖြစ်တယ်လို့ ဇနီး ဖြစ်သူ မသန္တာကို ကျိုက် မရော ရဲ စခန်း က အကြောင်း ကြားလာ တာ ဖြစ်ပါတယ်။

အခုလို အချိန် ကပ်ပြီး အကြောင်းကြား လာတဲ့ အတွက် အလောင်း ပြန် ဖေါ်ပြီးတဲ့ အခါ ဘယ်လို သေဆုံး တယ်ဆိုတာ လွတ်လပ်စွာ စစ်ဆေးနိုင်ဖို့ ပြင်ဆင်မှု အချိန် အရမ်း နည်းနေ တယ်လို့ မသန္တာ ဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

သေမှု သေခင်း စစ်ဆေးတဲ့အခါမှာ သီးခြား လွတ်လပ်တဲ့ မှုခင်း ဆရာဝန်ကြီးတွေ ပါတဲ့ ဘုတ်အဖွဲ့တဖွဲ့နဲ့ နိုင်ငံရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ရှေ့နေ ကွန်ရက်က ရှေ့နေတွေ၊ သတင်းထောက်တွေ ရှေ့မှောက်မှာ တူးဖော် စစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ