စပါးစျေးကျလို့ လယ်သမားတွေ အခက်တွေ့

  • 3 နိုဝင်ဘာ 2014
Image caption စပါးစျေးကျလို့ လယ်သမားတွေ ဒုက္ခရောက်

မြန်မာနိုင်ငံမှာ စပါးဈေးကျဆင်းနေပြီး အခြေခံအများ စားသုံးဆန်ဖြစ်တဲ့ ဧည့်မထ စပါးက တင်း ၁၀ဝ ကို ၃ သိန်းကျော်ပဲ ပေါက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် စပါးပေါ်ချိန် အခုလိုအချိန်မျိုးမှာ စပါးတင်း ၁၀ဝ ကို ကျပ် ၄ သိန်းဈေးပေါက်ခဲ့ပြီး လွန်ခဲ့တဲ့ ဇွန် ဇူလိုင်မှာ ၄ သိန်း ၇ သောင်းအထိ ပေါက်ခဲ့တယ်။

အခုတော့ ၃ သိန်းဝန်းကျင် ပေါက်ဈေးဖြစ်နေလို့ တွက်ခြေမကိုက်ဖြစ်နေတယ်လို့ လယ်သမားတွေက ပြောကြပါတယ်။

စပါးဈေးကျရတဲ့ အဓိက အကြောင်းရင်းက တရုပ်နိုင်ငံကို ရောင်းလို့မရသေးတာရယ်နဲ့ ထိုင်းက သူတို့ရဲ့ ဆန်တွေထုတ်ရောင်းနေတာကြောင့်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောပါတယ်။

အိန္ဒိယက ကမ္ဘာမှာ ဆန်အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်နေပြီး ၊ ထိုင်းကလည်း ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။

ဝယ်လိုအားက များများစားစား တက်လာတာမျိုးမရှိဘဲ ဗီယက်နမ်၊ မြန်မာ၊ လောနဲ့ကမ္ဘောဒီးယားနိုင်ငံတွေ မှာ နှစ်စဉ် ဆန်စပါးတိုးထုတ်လာနေတာတို့ကြောင့် ရောင်းသူတွေက လုရောင်းနေရတဲ့သဘော ရှိနေပါတယ်။

ဒီလို မြန်မာနိုင်ငံမှာ ဆန်စပါးစျေးတွေ ကျနေတဲ့အတွက် တောင်သူလယ်သမားတွေ ဒုက္ခရောက်နေတာ ကို ကူညီဖြေရှင်းပေးတဲ့အနေနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၃ သိန်းခွဲ ပေးပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်ကော်မီတီ တို့က ၀ယ်ယူဖို့စီစဉ်နေပါတယ်။