အမတ်တွေ တာဝန်ကျေကြဖို့ သူရဦးရွှေမန်း သတိပေး

  • 3 နိုဝင်ဘာ 2014
Image caption မတ်တွေ အနေနဲ့ တာဝန် မကျေပွန်ရင် အရေးယူ နိုင်ကြောင်း သူရ ဦးရွှေမန်း ပြောကြား

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေးမန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက် ရာမှာ တက်တက် ကြွကြွ နဲ့ တာဝန် ကျေပွန် ကြဖို့ မကြာ သေးခင် က သတိပေး ပြောကြား လိုက်ပါတယ်။

လွှတ်တော် ရေးရာ ကော်မတီ တွေကို လွှတ်တော် ငယ်လေးတွေ အဖြစ် သဘောထား ရမှာ ဖြစ်ပြီး၊ အမတ်တွေ အနေနဲ့ တာဝန် မကျေပွန်ရင် အရေးယူ နိုင်ကြောင်း သူရ ဦးရွှေမန်းက ပြောကြား သွားခဲ့ ပါတယ်။

ဒါ့ပေမယ့်လည်း ရေးရာ ကော်မတီတွေ အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင် ရာမှာ လုပ်ပိုင်ခွင့် အင်မတန် နည်း တယ်လို့ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဒွဲဘူက ပြောပါတယ်။

မိသားစု ကိစ္စရပ်တွေ ကြောင့်လည်း အမတ်တွေ အနေနဲ့ လွှတ်တော် က အလုပ်တွေ အတွက် ထိခိုက် မှုတွေ ဖြစ်စေ တယ်လို့ သူက ပြောပါတယ်။

လွှတ်တော် အမတ်တွေ အနေနဲ့ တက်တက် ကြွကြွ ဆောင်ရွက် နိုင်ဖို့ ဆိုရင်၊ နိုင်ငံ တကာမှာလို လိုအပ်တဲ့ ပံ့ပိုး မှုတွေ ပြုလုပ်ပေးဖို့ လိုအပ် ကြောင်း ဒေါ်ဒွဲဘူက ပြောပါတယ်။

ဒေါ်ဒွဲဘူဟာ တိုင်းရင်းသား ရေးရာ လူနေမှု မြှင့်တင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး ကော်မတီ အတွင်း ရေးမှူး လည်းဖြစ် သလို၊ ဒေါ်အောင်ဆန်း စုကြည် ဥက္ကဌ အဖြစ် တာဝန် ယူတဲ့ တရား ဥပဒေ စိုးမိုးရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ