မြန်မာ့ တောဆင်ရိုင်း မျိုးတုန်းမဲ့ အခြေအနေ

  • 5 နိုဝင်ဘာ 2014
_elephant_304x171_
Image caption တောဆင်ရိုင်း ထိန်းသိမ်းရေး

နေပြည်တော်မှာ ကျင်းပ ခဲ့တဲ့ တောဆင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲမှာ၊ မြန်မာနိုင်ငံမှာ ကျက်စားနေတဲ့ ဆင်ရိုင်းတွေ၊ မျိုးတုန်းဖို့ အခြေအနေ ကြုံနေရတယ် ဆိုပြီး သစ်တောဌာနက ပြောခဲ့ပါတယ်။ မြန်မာ့ တောတောင်တွေ ထဲမှာ၊ ဆင်ရိုင်းတွေ အန္တရာယ်တွေနဲ့ ကြုံနေရပုံ တွေ ဆွေးနွေးကြပါတယ်။

အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန က ညွှန်ကြားရေးမှုး ဦးဝင်းနိုင်သော် က တောဆင်ရိုင်းတွေ သတ်ဖြတ်ခံ ရမှု အကြောင်းရင်း ထဲမှာ ဆင်စွယ် လိုချင်ကြ ရာက၊ စျေးကွက် လိုအပ်ချက် အရ သတ်ဖြတ်မှု များလာ တဲ့ အကြောင်းရှင်းပြ ပါတယ်။

တောဆင်ရိုင်းတွေ ဟာ သစ်တော ကြိုးဝိုင်းတွေ ရှိရာ ဧရာဝတီ တိုင်း၊ ပဲခူးရိုးမ၊ စစ်ကိုင်းတိုင်း နဲ့ ကချင် ပြည်နယ် မှာ အများဆုံးရှိပုံ၊ အခုနှစ်ပိုင်း တွေ အတွင်းမှာ ဆင်တွေ အသတ်ခံရမှု ပိုပြီး တိုးပွားလာတဲ့ အကြောင်း လည်း ရှင်းပြပါတယ်။

ဒါ့အပြင် တောဆင်ရိုင်းတွေ မျိုးတုန်း စေတဲ့ အချက်တွေ ထဲမှာ စားကျက်မြေ ရှားပါးမှု လည်း ပါဝင် ပါတယ်။ စိုက်ခင်းတွေ တိုးလာမှု၊ ရေကာတာ စီမံကိန်း၊ လမ်းသစ် တွေ ဖေါက်ရာမှာ ဆင်တွေ ရဲ့ စားကျက်မြေ ပျောက်ဆုံးရပါတယ်။

အစိုးရရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန အနေနဲ့ တောဆင် တွေ ထိန်းသိမ်းရေး အပိုင်းကို ဥပဒေ အရ ကာကွယ်သလို၊ အင်ဂျီအို အဖွဲ့ တွေ အကူအညီနဲ့ ပါ ဆင်ထိန်းသိမ်းရေး နိုင်ငံ အဆင့် ရောက်အောင် စီမံချက် ရေးဆွဲ ဆောင်ရွက်နေကြောင်း လည်း ညွှန်ကြားရေးမှုး ဦးဝင်းနိုင်သော် က ရှင်းပြပါတယ်။