အခါလွန်မိုးကြောင့် စပါးတွေပျက်စီးနိုင်

  • 6 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အခါ လွန်မိုး ကြောင့် ပျက်စီး ရတာတွေဟာ ၂ နှစ် ကို တခါ လောက် ဖြစ်နေ

မြန်မာ နိုင်ငံ အောက်ပိုင်း မှာ အခါလွန် မိုး ရွာသွန်း နေတာ ကြောင့် ဧရာဝတီ အောက်ပိုင်း ဒေသ တွေမှာ စပါး ပျက်စီး ဆုံးရှုံး မှုတွေ အများ အပြား ဖြစ်မယ့် အခြေ အနေ ရှိနေ ပါတယ်။

သက်နု စပါး တွေက ရိတ်သိမ်းပြီး ခါစနဲ့ သက်ကြီး စပါးတွေ ကြတော့ အခုမှာ မှည့်ခါစ အချိန် ဖြစ်တဲ့ အတွက်၊ အခုလို အချိန် အခါ မဟုတ် မိုး ကြောင့် ပျက်စီး ဆုံးရှုံး မှုတွေ ဖြစ်ဖို့ ရှိတယ်လို့ မြန်မာ နိုင်ငံ လွတ်လပ်သော တောင်သူ လယ်သမား အသင်း ဥက္ကဌ ဦးသိန်းအောင် က ဘီဘီစီ ကို ပြောပါတယ်။

မိုးလည်းကြီး ဒီရေ ကလည်း တက်နေ တာကြောင့် အခု လက်ရှိ စပါးတွေရဲ့ တဝက် နီးပါး အထိ ဆုံးရှုံး မှု ဖြစ်နိုင် တယ်လို့ လယ်သမား တဦး လည်းဖြစ် တဲ့ ဦးသိန်းအောင် က ဆက် ပြောပါတယ်။

အခုလို မျိုး အခါ လွန်မိုး ကြောင့် ပျက်စီး ရတာတွေဟာ ၂ နှစ်ကို တခါ လောက် ဖြစ်နေတယ်လို့ လည်း သူက ပြောပါတယ်။

အမှန် ကတော့ ဘင်္ဂလား ပင်လယ်အော်မှာ အိန္ဒိယ ဘက်ကို ဦးတည်သွား နေတဲ့ မုန်တိုင်း အရှိန်ကြောင့် ကြီးမား တိမ်တိုက်ထု တခု ဖြစ်ကာ၊ အခုလို အချိန် အခါ မဟုတ် မိုးရွာတာ ဖြစ်တယ် လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

စက်တင်ဘာလ နောက်ပိုင်းမှာ ဘင်္ဂလား ပင်လယ်အော် အတွင်း အခုလို ပုံမှန် မဟုတ်တဲ့ မုန်တိုင်း ဝင်တာတွေ ဟာ ကမ္ဘာ့ ရာသီ ဥတု ပြောင်းလဲ မှုတွေ ကြောင့် လို့ ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

အခုလို ဖြစ်နေ တာဟာ လွန် ခဲ့တဲ့ ၂၀၀၆ ခုနှစ် ကတည်း စတင် နေတာ လို့လည်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ