၄ ပွင့်​ဆိုင်​မက တိုင်း​ရင်း​သား အင်အား​စု​တွေ နိုင်ငံ​ရေး တွေ့​ဆုံ​မှု​တွေ​မှာ ပါဝင်​သင့်

  • 6 နိုဝင်ဘာ 2014
_burma_monks_ ဓာတ်ပုံ မူပိုင်
Image caption တွေ့ဆုံမှု တွေ မှာ တိုင်းရင်းသား တွေ လည်း ပါဝင်မှ ပြည့်စုံနိုင်မယ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးရေး ဆက်လက် တောင်းဆိုသံ ထွက်ပေါ် လာချိန် မှာပဲ ၂၂ ပါတီ စုပေါင်း ဖွဲ့ထားတဲ့ တိုင်းရင်းသား မဟာမိတ် ပါတီများ အဖွဲ့ချူပ် NBF က တော့ တွေ့ဆုံမှု တွေ မှာ တိုင်းရင်းသား တွေ လည်း ပါဝင်မှ ပြည့်စုံနိုင်မယ် ဆိုပြီး ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ အစိုးရက ဦးစီး လုပ်ဆောင် ခဲ့တဲ့ ခေါင်းဆောင် ၁၄ ယောက် တွေ့ဆုံပွဲ ပုံစံမျိုး ကို နှစ်သက်ကြောင်း လည်း NBF ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ SNDP ပါတီက စိုင်းအိုက်ပေါင်း က ဆိုပါတယ်။

NDF စုပေါင်း အဖွဲ့မှာ ပါဝင်တဲ့ တိုင်းရင်းသား ပါတီတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဝင်ရောက် ခဲ့ကြပြီး၊ လွှတ်တော် အသီးသီးမှာ ရောက်ရှိနေတဲ့ ကိုယ်စားလှယ် ပေါင်း ၁၆၀ ရှိပါတယ်။

၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ဆိုတဲ့ အစိုးရ၊ လွှတ်တော်၊ စစ်တပ် နဲ့ နိုင်ငံရေး အင်အားစု တို့ တွေ့ဆုံ ကြရာမှာ၊ တိုင်းရင်းသား တွေကို ကိုယ်စားပြုတဲ့ အစုအဖွဲ့ တစ်ရပ်လည်း သီးသန့် ပါဝင်သင့်ကြောင်း NBF အနေနဲ့ ယူဆထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ