ဘီဘီစီရဲ့ ရန်ကုန်က မေးဖြေစရာဒီချိန်ခါ

  • 8 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် bbc
Image caption တက်ရောက်လာတဲ့ သောတရှင်တွေ မေးမြန်း ဆွေးနွေးခဲ့

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ရဲ့ မေးဖြေစရာဒီချိန်ခါ အစီအစဉ် ကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ နိုဝင်ဘာလ ၈ ရက် စနေနေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ လာပြီးတက်ကြတဲ့ ထိပ်သီးဆွေးနွေးပွဲကြီး မကြာခင်ပြုလုပ် ပါတော့မယ်။ မြန်မာနိုင်ငံမှာ ဒီလို နိုင်ငံတကာဆက်ဆံရေး တွေ တိုးတက်မှုတွေ ရှိလာနေချိန်မှာ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘ၀တွေ တိုးတက်မှုတွေ ရလာနေပါပြီလား၊ မြန်မာ့အနာဂါတ်အတွက် ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ လိုချင်ကြပါသလဲ စတာတွေကို သောတရှင်တွေက ပင်တိုင် ဆွေးနွေးသူတွေနဲ့ တိုက်ရိုက်မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို ဦးမင်းထက်က တင်ဆက်ခဲ့ပြီး အစီအစဉ်မှာ ဦးလှဆွေ၊ မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် (ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ)၊ ဒေါက်တာ ညိုညိုသင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်၊ ခွန်မြင့်ထွန်း၊ ဥက္ကဌ၊ ပအို့ဝ်အမျိုးသားများ လွတ်မြောက်ရေးအဖွဲ့ နဲ့ ဦးအောင်မျိုးမင်း၊ ညွှန်ကြားရေးမှူး၊ Equality Myanmarတို့က ပင်တိုင်ဆွေးနွေး ပေးခဲ့ပါတယ်။

တက်ရောက်လာတဲ့ ပရိသတ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ၊လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယူဆပါသလား၊ နိုင်ငံရဲ့ အနာဂါတ်အတွက် လူထုရဲ့ မျှော်လင့်ချက်တွေနဲ့ အာဏာပိုင်တွေကို သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံနိုင်ဖို့ ဘယ်လို လုပ်ဆောင်သင့်သလဲ ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ရှိနေတဲ့ အခက်အခဲ စိမ်ခေါ်ချက်တွေ အပါအဝင် ကဏ္ဍစုံနဲ့ စပ်လျဉ်းတဲ့ မေးခွန်းများစွာကို ပင်တိုင်ဆွေးနွေးသူများနှင့် တိုက်ရိုက် ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။