မြန်မာ့ နိုင်ငံရေး ဆန်းစစ်တဲ့ ဆွေးနွေးပွဲ

  • 9 နိုဝင်ဘာ 2014
myanmar parliament ဓာတ်ပုံ မူပိုင် AFP

မြန်မာ့ နိုင်ငံရေး လားရာများ အမည်နဲ့ ဆွေးနွေးပွဲ တခု ကို မန္တလေးမြို့မှာ တနင်္ဂနွေ နေ့ ညနေ က ကျင်းပ ခဲ့ပါတယ်။

စာရေးဆရာ ကျော်ဝင်း၊ ဖေမြင့် တို့နဲ့ အတူ ၈၈ မျိုးဆက်က ဦးကိုကိုကြီး တို့ ပါဝင် ဆွေးနွေး ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ PR စနစ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေလို လတ်တလော နိုင်ငံရေး ဖြစ်စဉ် တွေကို ဆွေးနွေး ခဲ့ကြတယ် လို့ စီစဉ် ကျင်းပတဲ့ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်း က ဒေါက်တာ တေဇာစန်း က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အပြောင်းအလဲ အနေအထား သိမ်မွေ့ ခက်ခဲမှု နဲ့ အကူးအပြောင်း အပီအပြင် မဖြစ်ပေါ်ဘဲ သောင်မတင် ရေမကျ ကျန်ရစ်နိုင်တဲ့ အလားအလာ တွေကို ဆွေးနွေး ကြတယ် လို့ ဆိုပါတယ်။

လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်သူ တွေ အနေနဲ့ အသိဉာဏ် ကြီးကြီးနဲ့ မကြောက်မရွံ့ ရွေးချယ် မဲပေးကြဖို့ တက်ရောက် ဆွေးနွေးသူ တွေ က ပြောကြား ခဲ့ကြပါတယ်။

သံဃာတော်တွေ တက်ရောက် ခဲ့ကြတယ်လို့ သိရပြီး မျိုးစောင့် ဥပဒေ အကြောင်း ဆွေးနွေးမှု တော့ မရှိ ခဲ့ဘူးလို့ ဒေါက်တာ တေဇာစန်း က ပြောပါတယ်။

ဆွေးနွေးပွဲ တက်ရောက် ကြောင်း စာရင်းရရှိသူ ၅ဝဝ ကျော် ရှိပြီး မြို့ပေါ်က အရပ်ဘက် အဖွဲ့အစည်း ၅ဝ ကျော်နဲ့ နိုင်ငံရေး ပါတီတွေ တက်ရောက်တယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ