ဦးအောင်သောင်း ပိတ်ဆို့ မှု လွှတ်တော် ကန့်ကွက်

  • 10 နိုဝင်ဘာ 2014
u aung thaung ဓာတ်ပုံ မူပိုင် AP
Image caption သဘောထား တင်းမာသူလို့ ကျော်ကြားတဲ့ ဦးအောင်သောင်း

ကြံ့ခိုင်ရေး ပါတီ ထိပ်တန်း ခေါင်းဆောင် နဲ့ ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်း ကို အမေရိကန် ဒဏ်ခတ် ပိတ်ဆို့ မှု ချမှတ် တာ ကို ကန့်ကွက် ကြောင်း ပြည်ထောင်စု လွှတ်တော် က ကန့်ကွက်သူ မရှိ အတည်ပြု ဆုံးဖြတ် ခဲ့ ပါတယ်။

ဒီပိတ်ဆို့မှု ချမှတ်ဖို့ သတင်း အချက်အလက် ပေးတဲ့သူ တွေကို ရှုတ်ချကြောင်း လည်း လွှတ်တော်က အတည်ပြု ခဲ့ပါတယ်။

အကြမ်းဖက် ဖိနှိပ်မှုတွေ နဲ့ အကျင့်ပျက် ခြစားမှုတွေ ကြောင့် သူ့ကို ဒီလို ဒဏ်ခတ် ပိတ်ဆို့ကြောင်း နိုင်ငံခြားရေး ဌာနက အစိုးရ ဆီ ပို့တဲ့စာကို လွှတ်တော် နာယက ဦးရွှေမန်းက ဖတ်ပြတယ်လို့ အမတ်တွေက ပြောပါတယ်။

ဒါဟာ ဦးအောင်သောင်းမှာ အပြစ်မရှိဘူး လို့ လွှတ်တော်က ပြောတဲ့ သဘော ထက် လွှတ်တော် သိက္ခာ ကို ထိခိုက်စေမှုနဲ့ ၂ နိုင်ငံ ချစ်ကြည်ရေး ပျက်ပြား စေတဲ့ အတွက် ဒီလို ဆုံးဖြတ် ခဲ့တာ လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ