တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ နိုဝင်ဘာလထဲ ပြန်စ နိုင်မယ်

  • 10 နိုဝင်ဘာ 2014
Image caption ဒီ အလွတ် သဘော တွေ့ဆုံ ပွဲကို တိုင်းရင်းသား တွေ ဘက်က နိုင်ဟံသာ ဦးဆောင် တက်ရောက်

တိုင်းရင်းသား တွေရဲ့ NCCT အဖွဲ့ဝင် တချို့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်း အဖွဲ့က ဝန်ကြီး ဦးအောင်မင်း တို့ အလွတ် သဘော တွေ့ဆုံ ဆွေးနွေး အပြီး၊ တနိုင်ငံလုံး အပစ် ရပ်စဲရေး ဆွေးနွေးပွဲ နိုဝင်ဘာလ အတွင်း ပြန်စဖို့ ညှိနှိုင်း ခဲ့ကြ တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ပြုလုပ် ခဲ့တဲ့ ဒီ အလွတ် သဘော တွေ့ဆုံ ပွဲကို တိုင်းရင်းသားတွေ ဘက်က နိုင်ဟံသာ ဦးဆောင် တက်ရောက် ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ ပါဝင်တဲ့ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန MPC က အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ ကတော့ နိုဝင်ဘာ လ ထဲ ပြန် ဆွေးနွေး ကြတဲ့ အခါ ရလဒ် ကောင်းတွေ ရဖို့ ရှိကြောင်း ပြောပါတယ်။

အခုပြန် ဆွေးနွေး ကြတဲ့ အခါ အရင်က သဘော မတူနိုင် ဖြစ်နေတဲ့ အချက် ၈ ချက် အထဲက အနည်းဆုံး ၇ ချက် လောက်တော့ သဘောတူ နိုင်မယ် လို့ ယူဆ ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

မူအားဖြင့် သဘောတူ ထားတဲ့ ဖက်ဒရယ် ကိစ္စတွေ ကိုတော့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် ရောက်မှ ဆွေးနွေး ကြဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ