သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မေးဖြေစရာ ဒီချိန်ခါ အပိုင်း (၂)

  • 11 နိုဝင်ဘာ 2014

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က မြန်မာ နိုင်ငံမှာ ပထမဆုံး အကြိမ် ပြုလုပ်တဲ့ မေးဖြေစရာ ဒီချိန်ခါ အစီအစဉ်မှာ မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် မှာ ကြုံတွေ့ နေရတဲ့ အခက်အခဲ နဲ့ စိန်ခေါ်ချက် တွေ အကြောင်း ပရိသတ်များ ပါဝင် ဆွေးနွေးခဲ့ ကြပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက မကွေးတိုင်းဒေသကြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ဥက္ကဌ ခွန်မြင့်ထွန်း၊ Equality Myanmar အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း တို့ က ပင်တိုင် ပါဝင် ဆွေးနွေးပြီး ပရိသတ်ရဲ့ မေးခွန်း တွေကို ဖြေကြား ပေးခဲ့ပါတယ်။

ဘီဘီစီ အကြီးတန်းသတင်းထောက် ကိုမင်းထက်က စီစဉ်တင်ဆက် ပေးထားတာ ဖြစ်ပါတယ်။

အစီအစဉ် ကိုနှစ်ပိုင်းခွဲပြီး ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ရေဒီယိုက ထုတ်လွှင့်ပေးခဲ့ပါတယ်။