ပညာ​ရေး ထောက်ပံ့​မှု တန်းတူ​ရအောင် ဆောင်​ရွက်နေ

  • 12 နိုဝင်ဘာ 2014
_refugee_thai_burma ဓာတ်ပုံ မူပိုင် Getty
Image caption ထိုင်းနိုင်ငံ ဥပဒေအရ ကလေးတိုင်း တန်းတူ ပညာသင် ထောက်ပံ့မှု ရရမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းကျောင်းသားတွေနဲ့ တန်းတူ ထိုင်းအစိုးရဆီက အထောက်အပံ့တွေ ရအောင် ထိုင်းရှေ့နေများ ကောင်စီ နိုင်ငံမဲ့များ ရေးရာဌာန က လိုက်လံ ဆောင်ရွက် ပေးနေပါတယ်။

၂၀၀၈ ခုနှစ် ကတည်းက အဲဒီတုံးက အာဏာရ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ရောက်လာသူတွေ ဖြစ်စေ၊ နိုင်ငံမဲ့အဖြစ် ခိုလှုံနေသူတွေ ဖြစ်စေ၊ ကလေးတိုင်းဟာ ထိုင်းနိုင်ငံမှာ မူလတန်း ကနေ ပီအိပ်ချ်ဒီ ဒေါက်တာ ဘွဲ့ရတဲ့ အထိ အခမဲ့ပညာ သင်ယူဆည်းပူးနိုင်ခွင့် ဥပဒေကို ပြဌာန်းခဲ့ပါတယ်။

အဲဒီ ဥပဒေ အရ ဆိုရင် ကျောင်းလခ၊ စာအုပ် စာရေးကရိယာ၊ ကျောင်း၀တ်စုံ၊ ကျောင်းတွင်း လှုပ်ရှားမှု စားရိတ်၊ နေ့လည်စာ စတဲ့ ၅ မျိုးကို အစိုးရက ထိုင်းကျောင်းသားတွေ ကို ပေးတဲ့အတိုင်း ထိုင်းနိုင်ငံထဲကို တရား မ၀င် ရောက်လာတဲ့ ကလေးတွေရော နိုင်ငံမဲ့ ကလေးတွေပါ ရရမှာ ဖြစ်ပါတယ်။

တာ့ခ်ခရိုင်ထဲမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသားတွေ ထဲမှာ အဲဒီ့ အခွင့်အရေးတွေ မရသေးတာ တသောင်းကျော် ရှိနေပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်လုံး မှာတော့ တသိန်းကျော် ရှိနေပါတယ်။

ယာယီနေထိုင်ခွင့် လက်မှတ် မရှိသေးတဲ့ ကျောင်းသူ ကျောင်းသားတွေ ကိုလည်း လက်မှတ် ရိုက်ပေးရေး ကိစ္စတွေကိုပါ ထိုင်းရှေ့နေများ ကောင်စီ နိုင်ငံမဲ့များ ရေးရာဌာနက လိုက်လံ ဆောင်ရွက် ပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ