ကုလ အတွင်းရေးမှူးချုပ် မြန်မာ မီဒီယာတွေနဲ့ တွေ့ဆုံ

  • 13 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဘန်ကီမွန်းဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့လည်း သီးသန့် တွေ့ ဆုံ ခဲ့ပါ တယ်

အာဆီယံ ထိပ်သီး ဆွေးနွေး ပွဲနဲ့ ဆက်စပ် ထိပ်သီး ဆွေးနွေး ပွဲတွေ ကို တက်ရောက် ခဲ့တဲ့ ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ကြာသပတေး နေ့မှာ မြန်မာ မီဒီယာ တွေနဲ့ သီးသန့် တွေ့ဆုံခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့ က မီဒီယာ တွေနဲ့ တွေ့ဆုံ တုန်းက မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာ ဆိုပြီး ခေါ်ဆို သုံးနှုန်း သွား ပါတယ်။ ဒါကို အစိုးရ ပိုင်း ကရော ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ကပါ ကန့်ကွက် ခဲ့ကြ ပါတယ်။

ဒီအတွက် မြန်မာ မီဒီယာ တွေနဲ့ သီးသန့် တွေ့ဆုံ ချိန်မှာတော့ ဒီ အသုံး အနှုန်းကို သတိထားပြီး ပြောကြား သွားပါတယ်။ အမည် ခေါ်ဆို မှုတွေနဲ့ အငြင်းပွား နေတာထက် နှစ်ဘက် စလုံး သင့်သင့် မြတ်မြတ် အတူ ယှဉ်တွဲ နေထိုင် နိုင်ရေးကို ကုလ သမဂ္ဂ ဘက်က ရည်ရွယ် ပါတယ် လို့လည်း မစ္စတာ ဘန်က ပြောပါ တယ်။

နောက်ပြီး ရခိုင် ပြည်နယ်မှာ ကုလ သမဂ္ဂက ဆောင်ရွက် မှုတွေဟာ တဘက် တည်းကို ကြည့်ပြီး လုပ်ဆောင် နေတာ မဟုတ်ဘူး လို့လည်း သူက ပြောပါတယ်။

ဒီတွေ့ဆုံ ပွဲမှာ မစ္စတာ ဘန်ကီမွန်း နောက်ထပ် ပြောကြားခဲ့ တာတွေ ကတော့ မြန်မာ နိုင်ငံမှာ လူ့ အခွင့် အရေး ကော်မရှင်နာ မင်းကြီး ရုံး ဖွင့်လှစ် နိုင်ရေး ဆက်လက် ဆောင်ရွက် နေကြောင်း ကိစ္စလည်း ပါပါတယ်။

၂၀၁၅ နှစ် ရွေးကောက်ပွဲ ဟာ မြန်မာ နိုင်ငံ အတွက် အရေးကြီးတဲ့ အတွက် ရွေးကောက် ပွဲတွေ ပွင့်လင်း မြင်သာမှု ရှိရှိ၊ အများ လက်ခံ နိုင်တဲ့ အခြေ အနေ ရောက်အောင်၊ ကုလ သမဂ္ဂ ဘက်က နည်းပညာ အပါ အဝင် ပံ့ပိုး ကူညီမှုတွေ ပေးသွားဖို့ အစီ အစဉ်တွေ ရှိတယ်လို့လည်း သူက ပြောကြားသွား ပါတယ်။

အခု လွှတ် တော်တွင်းမှာ ဆွေးနွေး နေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ရပ်တွေ ဟာလည်း လူထု ဆန္ဒနဲ့ အညီ ဖြစ်စေချင် တယ်လို့ ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပြင် လွှတ်တော် နာယက သူရ ဦးရွှေမန်း တို့နဲ့လည်း သီးခြားစီ တွေ့ဆုံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ