အခြေခံ ဥပဒေ ပြင်ရေး လွှတ်တော်တွင်း စဆွေးနွေး

  • 13 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် others
Image caption အခြေခံ ဥပဒေပါ ပုဒ်မ ၄၃၆ နဲ့ ၅၉( စ )ကို ပြင်ဖို့ NLD အမတ်တွေ အဓိက ပြောခဲ့ကြ

အခြေခံ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်မှာ ပထမဆုံးနေ့ အဖြစ် လွှတ်တော် အမတ်တွေ ဆွေးနွေး ခဲ့ကြပါတယ်။

စစ်တပ် ကိုယ်စားလှယ်တွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့မှာ စစ်တပ် ဆက်ပါဝင် သင့်တဲ့ အကြောင်းကို အဓိက ထောက်ပြ ပြောဆိုသွားပါတယ်။

NLD အမတ်တွေကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့နဲ့ ၅၉ (စ) ကိုပြင်ဖို့ အဓိကထား ပြောခဲ့ပါတယ်။

ဆွေးနွေးသွားတဲ့ အချက်တွေကို ကြည့်ရင် ထူးထူးခြားခြား ပြင်မယ့် အနေအထား အထိ မရောက်နိုင်ဘူးလို့ လွှတ်တော် အမတ်တချို့က သုံးသပ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်ဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို နဂိုအတိုင်း ထားဖို့ တပ်မတော်သား အမတ်တွေက တင်ပြ လာတာကြောင့် ဖွဲ့စည်းပုံမှာ ထူးထူးခြားခြား ပြင်ဆင်နိုင်မယ့် အနေအထား ရှိမလာနိုင်ဘူးလို့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က သုံးသပ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အမတ်တစ်ဦးကို တင်ပြခွင့် ၈မိနစ်သာ အချိန်ပေး ထားပြီး ဆွေးနွေးမယ့်သူ ၁၀ဝ ကျော်ရှိတဲ့အတွက် အတော်လေး အချိန်ယူ ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။