၂​၀​၁​၅ ရွေး​ကောက်​ပွဲ​မှာ ပီ​အာ​စနစ် မ​ကျင့်​သုံး​ဖို့ ပြည်​သူ့ လွှတ်တော် ဆုံးဖြတ်

  • 14 နိုဝင်ဘာ 2014
bbc_hluttaw_ ဓာတ်ပုံ မူပိုင် bbc
Image caption ပြည်သူ့လွှတ်တော်မှာ ပီအာစံနစ်နဲ့ မသုံးဖို့ တခဲနက် အတည်ပြုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ မဲ အများဆုံး ရတဲ့ သူပဲ လွှတ်တော် အမတ် ဖြစ်ရမယ့် လက်ရှိ စနစ်ကိုပဲ ဆက်လက် ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် မှာ ကန့်ကွက်သူ မရှိ အတည်ပြု လိုက်ပါတယ်။

ပီအာ လို့ ခေါ်တဲ့ အချိုးကျစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး ဆိုပြီး၊ ဖွဲ့စည်းပုံ ခုံရုံးကနေ အကြောင်းကြား လာခဲ့တဲ့နောက်၊ အခုလို ပြည်သူ့ လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ် ခဲ့ကြတာပါ။

အမျိုးသား လွှတ်တော် ထဲမှာတော့ ပီအာ စနစ်ကျင့်သုံးမယ် ဆိုပြီး ဆုံးဖြတ် ထားနှင့်ပြီးသား ရှိနေပါတယ်။

တိုင်းဒေသကြီး တွေမှာ အမျိုးသား လွှတ်တော် အမတ် ၁၂ ဦး ရွေးရတဲ့ အတွက် ပီအာ စနစ် သုံးမယ် ဆိုလည်း အံဝင်ခွင်ကျ ရှိနိုင်တဲ့ အနေအထား ဖြစ်ပေမယ့်၊ တစ်ဘက်မှာလည်း အမျိုးသား လွှတ်တော် အမတ် ၁ နေရာပဲ လိုတဲ့ လူနည်းစု တိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်ဖို့ကျတော့ ပီအာစနစ် သုံးဖို့ မကိုက်ညီ ပြန်ပါဘူး ဆိုပြီး၊ လက်ရှိ အမျိုးသား လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင် က ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုတွေလည်း ပြုလုပ်ရဦးမှာ ဖြစ်တဲ့ အတွက်၊ ပီအာစနစ် ကျင့်သုံးဖို့ ကြိုတင် မဆုံးဖြတ်ပဲ၊ အခြေခံ ဥပဒေ ပြင်ဆင်ပြီးမှ လိုက်လျောညီထွေ ရှိတဲ့ ရွေးကောက်ပွဲ စနစ် အသစ်တစ်ခု ပြဌာန်းသင့်ကြောင်း ၊ အခြေခံ ဥပဒေ ခုံရုံးကနေ ပြောဆိုထားမှု ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ