လူ့ဘောင်သစ် ရုံးခန်း ရန်ကုန်မှာ ပြန်ဖွင့်

  • 16 နိုဝင်ဘာ 2014
dpns ဓာတ်ပုံ မူပိုင် dpns
Image caption ပြည်တွင်း ပြန် အခြေချရေး အာဏာပိုင် တွေနဲ့ ညှိနှိုင်းခဲ့ရ

၁၉၈၈ နောက်ပိုင်းမှာ ဖျက်သိမ်း ခံခဲ့ရတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ရုံးခန်း ရန်ကုန်မှာ ကနေ့ ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ထိုင်း မြန်မာ နယ်စပ် ဒေသ လက်နက်ကိုင် နယ်မြေမှာ လက်နက် မကိုင်ဘဲ အနှစ် ၂ဝ ကျော် နိုင်ငံရေး လုပ်ခဲ့ ပြီးနောက် ဖြစ်ထွန်း လာတဲ့ အခြေအနေတွေ အရ ပြည်တွင်းမှာ ပြန် အခြေချပြီး နိုင်ငံရေး လှုပ်ရှားဖို့ ကြိုးစား ခဲ့ရတယ် လို့ လူ့ဘောင်သစ် ဗဟိုဦးဆောင် ကော်မတီဝင် ဦးဇော်ဇော်ထွန်း က ပြောပါတယ်။

အနှစ် ၂ဝ ကျော် ပြည်ပ ထွက်ခွာ ခဲ့ရပေမယ့် ပြည်တွင်း နိုင်ငံရေး အနေအထား ပြောင်းလဲဖို့ တာစူ ရုံသာ ရှိသေးတယ် လို့ သူက ပြောပါတယ်။

ပါတီ ပြန်လည် တည်ထောင် ရေး အတွက် သဘောထား ကွဲနေတဲ့ ပါတီဝင် တွေနဲ့ ညှိနှိုင်း ဆောင်ရွက် သွားမယ်၊ အလုပ်သမား၊ လယ်သမား၊ လူငယ် ပညာတတ် တွေနဲ့ လက်တွဲပြီး ဒီမိုကရက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားမယ် လို့ သိရပါတယ်။

၈ လေးလုံး ငွေရတု က ဆုံးဖြတ်ခဲ့တဲ့ ဘုံသဘော တူညီချက် တွေ အတိုင်း လက်ရှိ အစိုးရ အာဏာပိုင် တွေနဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး ညှိနှိုင်းပြီး အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲရေး ကိစ္စတွေ ညှိနှိုင်း ဆောင်ရွက်ကြဖို့ ရည်ရွယ် တယ် လို့လည်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ