ဆန္ဒပြ အလုပ်သမား ၁ဝဝ အလုပ်ဖြုတ် ခံရ

  • 17 နိုဝင်ဘာ 2014
yangon worker ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန် စက်ရုံ ဆန္ဒပြပွဲတခု မြင်ကွင်း

ဒဂုံ အရှေ့ပိုင်း စက်မှုဇုံက စင်ကျူရီ အထပ်သား စက်ရုံမှာ အလုပ်သမား ၁ဝဝ ကျော် ရှိတဲ့အနက် ၁၀ဝ နီးပါးဟာ အလုပ် မဆင်းဘဲ ဆန္ဒပြလို့ ဆိုပြီး အလုပ်က ဖြုတ် လိုက်လို့ စက်ရုံရှေ့မှာ ဆန္ဒပြ ခဲ့ပါတယ်။

အရင်ရက်တွေ ကတည်းက အဆင်မပြေ ဖြစ်နေတဲ့ စင်ကျူရီ အထပ်သား စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား ကြား ဖြစ်နေတဲ့ ပြဿနာကို အလုပ်သမားအရေး လုပ်နေသူတွေက ကြားဝင်ပေးပေမယ့် အဆင်မပြေ ထပ်ဖြစ်လို့ အလုပ်သမား ၁ဝဝ နီးပါး အလုပ်မဆင်းဘဲ ဆန္ဒပြရာက အလုပ်ရှင်ဘက်က ဒီအလုပ်သမားတွေကို အလုပ်ဖြုတ် လိုက်တာပါ။

အလုပ်ရှင်နဲ့ အလုပ်သမား ကြား ပြဿနာကို ဖြေရှင်း ပေးဖို့ အလုပ်သမား ကိုယ်စားလှယ် ၄ ယောက် ကို ခေါင်းဆောင်တင်ပြီး ရပိုင်ခွင့်တွေ တောင်းဆို ခိုင်းရာက ခေါင်းဆောင် လေးယောက် ကို ဖြုတ်လိုက်တာ အပြင် ဒီခေါင်းဆောင် တွေ အလုပ် ပြန်ခန့်ရေး တောင်းဆို ခဲ့လို့ နောက်ထပ် ၁၀ဝနီးပါး ထပ်ဖြုတ် လိုက်တာ လည်း ဖြစ်ပါတယ်။

အလုပ်သမား တွေဟာ နှစ်ဆန်းပိုင်း ကတည်း က အလုပ်သမား တွေကို ကျွမ်းကျင်မှု အဆင့် အလိုက် ရာထူးနဲ့ လခတိုး ပေးဖို့၊ လုပ်ငန်းခွင် အလိုက် တာဝန် ခွဲဝေပေးဖို့၊ စက်ရုံတွင်း ကျန်းမာရေး အတွက် သန့်ရှင်းရေး ကောင်းမွန် အောင် လုပ်ပေးဖို့ တောင်းဆို ခဲ့ကြတာပါ။

အဲလို တောင်းဆို နေရင်းကနေ ခုလို အဆင်မပြေမှုတွေ ဖြစ်ပြီး အလုပ်သမား ရာနဲ့ချီ ပြီးတော့ အလုပ်လက်မဲ့ ဖြစ်သွားတာပါ။

စင်ကျူရီ စက်ရုံ တာဝန်ရှိသူကို ဘီဘီစီ က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အလုပ်သမားတွေ နဲ့ အလုပ်သမား အရေး လုပ်နေသူတွေကတော့ အလုပ် ပြန်ရဖို့ထက် အလုပ်သမား တွေရဲ့ ဂုဏ်သိက္ခာအတွက် ဆက်ပြီး ဆန္ဒပြမှုတွေလုပ်သွားမယ်လို့ ပြောကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ