တိုင်းရင်းသား တပ်တွေ နဲ့ ထိုင်းစစ်တပ်

  • 19 နိုဝင်ဘာ 2014
unfc ဓာတ်ပုံ မူပိုင် U Nyo Ohn Myint
Image caption ချင်းမိုင်မှာ ဆွေးနွေးခဲ့တဲ့ အစည်းအဝေး တခု

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ ထိုင်းနိုင်ငံ မှာ အစည်းအဝေး လုပ်မယ် ဆိုရင် ထိုင်းစစ်တပ် ကို ကြိုတင် အကြောင်းရမယ် လို့ ပြောကြား ခဲ့ပါတယ်။

ထိုင်းမြောက်ပိုင်း တပ်မ ၃ စစ်တပ် က ပြီးခဲ့တဲ့ ရက်ပိုင်း က အကြောင်းကြား လာတာ ဖြစ်တယ်လို့ ယူအဲန်အက်ဖ်စီ ညီညွတ် သော တိုင်းရင်းသား များ ဖယ်ဒရယ် ကောင်စီ တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အကြောင်းကြားဖို့ သက်သက် ဖြစ်ပေမယ့် အကြောင်းပြန်ကြား ပြီးမှ ဆွေးနွေးပွဲတွေ ကျင်းပ စေချင်တယ်လို့ ထိုင်းဘက်က ပြောကြား လာပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ မှာလည်း ထိုင်းစစ်တပ် က လေ့လာသူ အဖြစ် တက်ရောက်မယ် လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီလို ပြောဆိုလာတာတော့ မရှိသေးဘူး လို့ သူက ဆိုပါတယ်။

ထိုင်းတပ်က ပထမဆုံး ပြောဆို လာတာ ဖြစ်လို့ ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမယ် ဆိုတာ စီစဉ် နေဆဲ ဖြစ်တာမို့ ကျင်းပဖို့ ရှိတဲ့ NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အနည်းငယ် နောက်ကျ နိုင်တယ်လို့ ခွန်ဥက္ကာ က ပြောပါတယ်။

ထိုင်း စစ်ဦးစီးချုပ် ၊ ဝန်ကြီးချုပ် စတဲ့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့တွေ နေပြည်တော်ကို သွားခဲ့တာတွေ ရှိလို့ မြန်မာ အစိုးရ ဘက်က တိုင်းရင်းသား တပ်တွေ ကို ထိန်းချုပ်ဖို့ ပြောဆို ပန်ကြားခဲ့တာ တွေ ရှိခဲ့ နိုင်တယ် လို့ သူက သုံးသပ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ