ကော့တောင်ကျွန်း လူသတ်မှု ဖမ်းဆီးခံ မြန်မာ ၂ ဦးကို ရမန် ထပ်တိုး

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption တယောက်ကို ဘတ်ငွေ ၅ သိန်းနဲ့ လျှောက်ထား မယ် ဆိုရင်တော့ အချုပ်လွတ် ထုချေခွင့် ရကောင်း ရနိုင်

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား စုံတွဲ သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ မြန်မာ နှစ်ဦးကို စစ်ဆေးဖို့ ကျန် သေးတယ် ဆိုပြီး အစိုးရ ရှေ့နေတွေက ၅ ကြိမ်မြောက် အဖြစ် ရမန် ချုပ်ရက် ထပ်မံ လျှောက်ထား တာကို တရားရုံးက လက်ခံ လိုက်ပါတယ်။

တရား သူကြီး ကနေ ရမန် တပတ် (၁၂ ရက်) ထပ်ပေး လိုက်တာ ဖြစ်တယ်လို့ မြန်မာ ပြည်သား နှစ်ဦး ဘက်က လိုက်လံ ဆောင်ရွက် ပေးနေတဲ့ ဘန်ကောက် မြန်မာ သံရုံး အထူး အဖွဲ့ရဲ့ အကျိုးဆောင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ဒီရမန် ယူထားတဲ့ အချိန် အတွင်း တယောက်ကို ဘတ်ငွေ ၅ သိန်းနဲ့ လျှောက်ထားမယ် ဆိုရင်တော့ အချုပ်လွတ် ထုချေခွင့် ရကောင်း ရနိုင်တယ် လို့လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။ ဒါကိုလည်း ဘန်ကောက် မြန်မာ သံရုံး ကနေ အမြန်ဆုံး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။

ထိုင်းဥပဒေ အရ ကတော့ ရမန် ယူတဲ့ နေရာမှာ ၇ ခါ အထိ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

ရက်ပေါင်း ၄၀ ကျော်ကြာ ချုပ်ထားပြီး စစ်ဆေး နေတာ တောင်မှာ အချိန် အထိ အမှုကို မတင်နိုင် သေးတဲ့ အတွက်၊ ဒီအမှုနဲ့ ပတ်သက်ပြီး ခိုင်လုံမှု အနေ အထား လျော့လာ ပြီ ဖြစ်တယ် လို့လည်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

ထိုင်းရဲ အနေနဲ့ ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး တခြား ဖမ်းဆီး တာတွေ စစ်ဆေး တာတွေ မရှိ ဘူးလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ