ကိုပါကြီးအမှုအပေါ် မြန်မာ့လူ့အခွင့်အရေးကော်မရှင်ပြော

  • 21 နိုဝင်ဘာ 2014
_pargyi_304x171 ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုပါကြီးဟာ အလွတ်သတင်းထောက် လို့ ပြော

စစ်တပ်က ပစ်ခတ်လို့သေဆုံးသွားခဲ့တဲ့ ကိုပါကြီးဟာ အလွတ်သတင်းထောက် ဖြစ်ကြောင်းနဲ့ ကလိုထူးဘော ကရင်ဘ အစည်းအရုံး (ကေကေအို) အဖွဲ့အဝင် ဖြစ်တဲ့ သက်သေ အထောက်အထား လည်း မတွေ့ရ တဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။

ကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် က ကိုပါကြီး ကို မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ် မှာ စစ်တပ်က ဖမ်းဆီးထားချိန် သေနတ်လု ပြီး ထွက်ပြေး တာကြောင့် အောက်တိုဘာလ ၄ ရက်နေ့က ပစ်ဖမ်းယင်း ကိုပါကြီး သေဆုံး သွားတာ ဖြစ်တယ်။ ကိုပါကြီးဟာ အလွတ်သတင်းထောက် မဟုတ်ဘူးလို့ စစ်တပ်က ထုတ်ဖေါ် ပြောဆို ခဲ့ပေမယ့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် က စစ်ဆေး တွေ့ရှိချက် အရ အလွတ်သတင်း ထောက်ဖြစ်တယ်လို့ ပြောတာပါ။

သေနတ်ဒဏ်ရာ ငါးချက်ကြောင့် သေဆုံးတာ် လို့ ဦးစစ်မြိုင် က ပြောပြီး ဒီဖြစ်စဉ် နဲ့ ပတ်သက် လို့ ကော်မရှင် မျက်နှာ စုံညီ အစည်းအဝေး မှာ ဆွေးနွေးပြီး မှ သမ္မတ ကို တင်ပြမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။ အဲဒီ နောက်မှာ တော့ ပြည်သူ ကို အင်တာနက်၊ မီဒီယာ ကတဆင့် အသိပေးမှာပါ။

ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး လူပေါင်း ၄၅ ယောက်ကို အကြိမ် ၅၀ ကျော်စစ်ခဲ့ပြီဖြစ်လို့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစားကို အမြန်ဆုံးထုတ်ပြန်နိုင်အောင်လုပ်ဆောင်သွားမယ်လို့ ဦးစစ်မြိုင်ကပြောပါတယ်။