ရိုဟင်ဂျာ နိုင်ငံသား ဖြစ်ခွင့် ပေးဖို့ ကုလ တောင်းဆို

  • 22 နိုဝင်ဘာ 2014
un ဓာတ်ပုံ မူပိုင်
Image caption ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ အစည်းအဝေး

၂ဝ၁၅ မြန်မာ နိုင်ငံ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ တွေ သမာသမတ် ရှိဖို့၊ ဘာသာရေး နဲ့ လူမျိုးရေး လူနည်းစု တွေကို ခွဲခြား ဖိနှိပ် တာတွေ မလုပ်ဖို့ နဲ့ ရိုဟင်ဂျာ တွေကို တူညီတဲ့ အခြေခံ နဲ့ နိုင်ငံသား ဖြစ်ခွင့် အပြည့်အဝ ပေးဖို့ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကော်မတီ ဆုံးဖြတ်ချက် က တောင်းဆို လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လူ့အခွင့်အရေး ကော်မီတီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ် ချက်တရပ်ကို မနေ့က တညီတညွတ် တည်း အတည်ပြု ခဲ့ကြပါတယ်။

အီးယူ ဥရောပ သမဂ္ဂက ဦးဆောင် မူကြမ်း ရေးဆွဲခဲ့တဲ့ ဒီ ဆုံးဖြတ် ပြဋ္ဌာန်းချက် ထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အပြုသဘော တိုးတက် ပြောင်းလဲမှုတွေ ရှိနေတာနဲ့ ပတ်သက်လို့ ကြိုဆိုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ဆက်ရှိနေတာ အထူးသဖြင့် ဘာသာရေး လူနည်းစုနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြား ဆက်ဆံ ဖိနှိပ်မှုတွေ ရှိနေသေးဆဲ ဖြစ်တာအပေါ် အထူး စိုးရိမ်မိတယ်လို့ ဖေါ်ပြထားပါတယ်။

အထူး သဖြင့် ရခိုင်ဒေသ မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ တွေရဲ့ အခြေအနေနဲ့ပ တ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြ ထားပြီး ရခိုင် ပြည်နယ်မှာ တရားဝင် နေထိုင်ခွင့် ရှိ ရှိ မရှိရှိ နေထိုင်သူ အားလုံးရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးဖို့ အစိုးရ ကို တောင်းဆို ထားပါတယ်။

တူညီမှု အခြေခံနဲ့ ရိုဟင်ဂျာ တွေကို နိုင်ငံသား ဖြစ်ပိုင်ခွင့် အပြည့်အဝ ရရှိ အောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

နောက်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးအဖွဲ့တွေ ရခိုင်ပြည်နယ်ကို အဟန့်အတား မရှိ ဝင်ရောက် ကူညီခွင့်ပေးဖို့ကို လည်း တိုက်တွန်းထားပါတယ်။

နောက်ပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲကို အများ ယုံကြည် လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆောင်ရွက်ဖို့ နဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် တရပ်ကို ပြီးမြောက်အောင် အကောင်အထည် ဖော်ဖို့ တိုက်တွန်း ထားတာ တွေ့ရပါတယ်။

နောက်တခါ မြန်မာ အစိုးရက ၂ဝ၁၂ မှာ သဘောတူ ထားခဲ့တဲ့ အတိုင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ရေး ကိုလည်း အမြန်ဆုံး ဆောင်ရွက်ဖို့ ထပ်တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ကတော့ ဒီဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ လို့ သုံးနှုန်း ဖော်ပြထားတာ လက်ခံနိုင်စရာ မရှိဘူး၊ တချို့ အချက်တွေဟာ အဖြစ်မှန်က သွေဖီ လွဲချော်စေတဲ့ အချက်တွေဖြစ်တယ်လို့ ကန့်ကွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မွတ်ဆလင် နဲ့ တခြား ဘာသာရေး လူနည်းစု ကို ဆန့်ကျင် တိုက်ခိုက်မှု ဆိုပြီး ဖော်ပြ ထားတာဟာ ဟာ မှားယွင်းပြီး လွဲချော်စေတဲ့ အချက်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ