ကာချုပ်နဲ့ စာနယ်ဇင်း ဒုတိယ အကြိမ် တွေ့

  • 23 နိုဝင်ဘာ 2014
min aung ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်

နေပြည်တော် မှာ ကျင်းပတဲ့ ကာကွယ်ရေး ဦးစီးချုပ် နဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် တွေ တွေ့ဆုံ ပွဲ မှာ ကချင် တိုက်ပွဲ တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ၊ တပ်နဲ့ မီဒီယာ ဆက်ဆံရေး အပါအဝင် ကိစ္စ ရပ်တွေကို ဆွေးနွေး ခဲ့ကြပါတယ်။

စာနယ်ဇင်း တွေဘက်က တပ်သတင်း တွေကို အချိန်မီ လျင်လျင်မြန်မြန် ရယူနိုင်ရေး အတွက် အဓိက ဆွေးနွေးခဲ့ ကြတယ်လို့ ဒီပွဲ တက်ရောက် ခဲ့တဲ့ စာနယ်ဇင်း ကောင်စီ (ယာယီ) က ဦးသီဟစော က ပြောပါတယ်။

တပ်မတော်က ထုတ်ပြန်တဲ့ သတင်း တွေကို မြဝတီ ဝက်ဆိုက်မှာ အချိန် မဆိုင်း တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

အရေးပေါ် ဖုန်းလိုင်းတွေ တပ်ဆင် ပေးဖို့ အပါအဝင် တပ်နဲ့ ကျန်တဲ့ စာနယ်ဇင်း သမား တွေကြား ဆက်ဆံရေး ယန္တရား ထူထောင်ဖို့ နောက်တပတ် အတွင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

လတ်တလော ကေအိုင်အေ နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ကိစ္စတွေ ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှင်းပြတယ်လို့ သိရပါတယ်။

ဒီမို ကရေစီ ပြုပြင်ရေး တွေကို တပ်မတော် ဘက်က နောက်ပြန်လှည့် မှာ မဟုတ်ဘဲ ရှေ့ဆက် တိုးတက် အောင် ဆောင်ရွက် သွားမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

နောက် ရွေးကောက်ပွဲ ကို မျှမျှတတ ဖြစ်စေချင်ပြီး တက်လာတဲ့ ဘယ်ပါတီ နဲ့ မဆို အခြေခံ ဥပဒေ အတိုင်း လက်တွဲ ဆောင်ရွက်သွားမယ် လို့ ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စ ကိုလည်း လက်တွေ့ သုံးစွဲ ပြီးမှ အဆင်မပြေ တာကို အများ ဆန္ဒနဲ့ ညှိနှိုင်း ပြင်ဆင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုလားပါတယ် ။

ဒီပြင်ဆင်ရေးမှာ တပ်ဘက်က ထက် ပြည်သူ တွေနဲ့ ပြည်သူက ရွေးကောက် တင်မြှောက် ထားတဲ့ လွှတ်တော်က အဓိက ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ