ရှမ်းပြည်နယ် ဖွံ့ဖြိုး​ဖို့ ငြိမ်း​ချမ်း​ရေး လိုအပ်

  • 23 နိုဝင်ဘာ 2014
shan_dance
Image caption ရှမ်းပြည် ဖွံ့ဖြိုးရေး အတွက် ငြိမ်းချမ်းရေး ရဖို့ လိုကြောင်း ရှမ်းလူငယ်ကွန်ယက်က ပြောပါတယ်။

ရှမ်းသက္ကရာဇ် ၂၀၁၉ နှစ်သစ်ကူး ပွဲတော်ကို တောင်ကြီးမှာ ကျင်းပ ခဲ့တာမှာ ဒုတိယ သမ္မတ စိုင်းမောက်ခမ်း က လာမယ့် နှစ် အနည်းငယ် အတွင်းမှာပဲ ရှမ်းပြည်နယ် အတွင်း ဆင်းရဲ မွဲတေမှုတွေ ကို ထက်ဝက် လျှော့ချ နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ်။

ရှမ်းပြည်နယ် တိုးတက် ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြဖို့ အခုလို ဒုသမ္မတ က နှိုးဆော်တဲ့ အပေါ် ရှမ်းလူငယ် ကွန်ယက်အဖွဲ့ ကလည်း ဖွံ့ဖြိုးဖို့ ဆိုရင် ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေး ရဖို့ အရေးကြီးဆုံးပဲ လို့ ဆိုပါတယ်။

ဒါ့အပြင်၊ ရှမ်းပြည်ထဲ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေး ပြဿနာကလည်း ပြည်နယ် ဖွံ့ဖြိုးရေးကို အကြီး အကျယ် ထိခိုက်စေတယ် ဆိုပြီး ရှမ်းလူငယ် ကွန်ယက် က ထောက်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု အကြီးအကျယ် ရှိနေတာ တွေ့နေရဆဲ ဖြစ်ပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တွေ ကို ဒေသခံ အာဏာပိုင်တွေ အနေနဲ့ ထိထိရောက်ရောက် မကိုင်တွယ် နိုင်ဘူး ဆိုပြီး ရှမ်းလူငယ် ကွန်ယက်ရဲ့ ပြည်တွင်း ဆက်သွယ်ရေး တာဝန်ခံ စိုင်းဆိုင်လင်းက ဘီဘီစီကို ပြောပါတယ်။

ဆင်းရဲ မွဲတေမှုကြောင့် ပြည်နယ်တွင်း လူကုန်ကူး ခံရတဲ့ ပြဿနာမျိုး နဲ့လည်း ရင်ဆိုင် နေရ ကြောင်း စိုင်းဆိုင်လင်း က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ