မန္တလေး ငြိမ်းချမ်းရေး ဆန္ဒ ပြပွဲ

  • 26 နိုဝင်ဘာ 2014
wirathu
Image caption ဦးဝီရသူ တက်ရောက် ဟောပြော

နိုဝင်ဘာ ၂၆ ရက်နေ့ မနက် က မန္တလေးမှာ ရှိတဲ့ နိုင်ငံရေး ပါတီ ၉ ခု စုပေါင်းပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးတွေ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ဆန္ဒ ထုတ်ဖော် ခဲ့ကြပါတယ် ။

မန္တလေးမှာ အခြေစိုက် ပါတီရုံးတွေ ရှိတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ် ပါတီ မြန်မာ၊ ဝံသာနု ဒီမိုကရက်တစ် ပါတီ၊ ပြည်သူ့ ဒီမိုကရေစီ ပါတီ ၊ ဖယ်ဒရယ် ယူနီယံ ပါတီ၊ ရှမ်းနီ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ စတဲ့ နိုင်ငံရေး ပါတီ ၉ခု စုပေါင်း ပြီး ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆန္ဒ ဖော်ထုတ်ပွဲ ကို ၆၂ လမ်းမှာရှိတဲ့ ပြည်သူ့ ဟစ်တိုင်မှာ လုပ်ခဲ့တာပါ ။

ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ဗဟို ကော်မတီဝင် ဦးခင်မောင်ဝင်း က တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ အစိုးရလုပ်နေတဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လုပ်ငန်း တွေ ရပ်နေလို့ အမြန် ငြိမ်းချမ်းရေး ရအောင် တိုက်တွန်းတာ လို့ ဆိုပါတယ် ။

ဒီပွဲမှာ မစိုးရိမ် တိုက်သစ် ဓမ္မ သဟာယ ကျောင်း ဆရာတော် ဦးဝီရသူ လည်း တက်ရောက် ဟောပြော ခဲ့သလို ပရိသတ် ၅ဝဝ နီးပါး တက်ရောက်ခဲ့ပါတယ် ။

ဒီပွဲကို တက်ရောက် ဟောပြောတဲ့ ပါတီ အသီးသီးရဲ့ ခေါင်းဆောင် တွေရဲ့ ဟောပြောချက် တွေအရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေရော အစိုးရနဲ့ စစ်တပ် ကပါ ပြည်သူ့ မျက်နှာ ထောက်ပြီး ငြိမ်းချမ်းရေး အတွက် အမြန် လုပ်ကြဖို့ တိုက်တွန်း နှိုးဆော် သွားတာ ကို တွေ့ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ