အပစ်ရပ် ဆွေးနွေးမှုတွေ ရွှေ့ဆိုင်းနိုင်ဖွယ်ရှိ

  • 26 နိုဝင်ဘာ 2014
UPWC and NCCT meeting in early November ဓာတ်ပုံ မူပိုင် epa
Image caption တိုင်းရင်းသား တွေနဲ့ အစိုးရကြား နိုဝင်ဘာ လဆန်းက အလွတ် သဘော တွေ့ဆုံခဲ့ကြ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ကေအိုင်အေ ဌာနချုပ် အနီး ဗိုလ်သင်တန်း ကျောင်းကို အစိုးရ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဗိုလ်လောင်း၂၃ ယောက် သေဆုံး ခဲ့ရတဲ့ အတွက် NCCT တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် များရဲ့ ညှိနှိုင်း ရေး အဖွဲ့ဝင်တွေ ကြားမှာ မကျေနပ်မှုတွေ ရှိနေ ပြီး အပစ် အခတ် ရပ်စဲရေး ဆွေးနွေးမှု တွေကို နောက်ရွှေ့ လိုက်နိုင်ဖွယ် ရှိနေပါတယ်။

ထိခိုက် ဒဏ်ရာ ရခဲ့ကြတဲ့ ဗိုလ်လောင်းတွေရဲ့ မိခင် အဖွဲ့တွေ ဖြစ်တဲ့ ပလောင်၊ ရခိုင်၊ ချင်းနဲ့ ABSDF စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေ မကျေမနပ် ဖြစ်နေကြတယ်လို့ NCCT ခေါင်း ဆောင် ဦးနိုင်ဟံသာက ပြောပါတယ်။

အဲဒီ လေးဖွဲ့က မကျေမနပ်ဖြစ်နေသလို ကျန်တဲ့ NCCT အဖွဲ့ အတွင်းမှာလည်း ဒီအရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းစရာတွေ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။

လိုင်ဇာက ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း ပစ်ခတ် ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး အစိုးရ ဘက်က မတော်တဆ ထိမှန်တာလို့ ထုတ်ပြန် ပြောဆိုခဲ့ပေမဲ့ ကေအိုင်အေ ဘက်ကတော့ ဒါဟာ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ပြောတဲ့ အတွက် နှစ်ဘက် ကွဲလွဲ နေတဲ့ အကြောင်းနဲ့ အဖြစ်မှန်ကို လေ့လာဖို့ လိုမယ်လို့လည်း ဦးနိုင်ဟံသာက ပြောပါတယ်။

အခု လိုင်ဇာ ပစ်ခတ်မှုကြောင့် အပစ်ရပ်ရေး ဆွေးနွေးမှုတွေကို အခု နိုဝင်ဘာလမှာ ထပ်မံ ပြုလုပ်မယ့် အစီ အစဉ်ကိုလည်း တစုံတရာ သက်ရောက်မှု ရှိတယ်လို့ ဦးနိုင်ဟံသာက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ