လက်ပံတောင်း ၂ နှစ်ပြည့် ဆုတောင်း ဆန္ဒပြ

  • 29 နိုဝင်ဘာ 2014
letpadaung
Image caption မြို့တော်ခန်းမရှေ့ ဖယောင်းတိုင်ထွန်း ဆုတောင်း

လက်ပံတောင်း ကြေးနီ စီမံကိန်း မြေသိမ်းခံ တောင်သူ တွေ အတွက် သပိတ်စခန်း ဖွင့်ဆန္ဒပြတဲ့ သံဃာတော် တွေကို လွန်ခဲ့တဲ့ ၂ နှစ်က မီးလောင်ဗုံး နဲ့ ဖြိုခွင်း အကြမ်းဖက် ခဲ့တဲ့ နှစ်ပတ်လည် အနေနဲ့ ရန်ကုန်၊ မန္တလေး နဲ့ မိတ္ထီလာ မြို့တွေမှာ ဝတ်ပြု ဆုတောင်းပွဲ တွေလုပ်ခဲ့ ကြပါတယ်။

၂ဝ၁၂ ခု နိုဝင်ဘာ ၂၉ ရက် တန်ဆောင်မုန်း လပြည့်ည လင်းအားကြီး အချိန်က လက်ပံတောင်း တောင်သပိတ်စခန်း မှာ မီးလောင်ဗုံးနဲ့ ဖြိုခွင်း ခံရလို့ သံဃာတော် တွေနဲ့ ဒေသခံ စုစုပေါင်း ၁ဝဝ ကျော် မီလောင် ဒဏ်ရာတွေ ရခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန် မြို့က လက်ပံတောင်း အရေးလုပ်နေသူ ၅၀ ကျော်က လည်း ဆူးလေဘုရား ဘေး မြို့တော် ခန်း မ ရှေ့မှာ ဖယောင်းတိုင် တွေ ထွန်းပြီး ဆုတောင်း ခဲ့ကြသလို စစ်ခရိုနီ ကျဆုံးပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခုံးကျော် တံတား ပေါ်ကနေ စစ်သား အရုပ် ကို ကြိုးဆွဲ ချတဲ့ ပုံသဏ္ဍာန် သရုပ်ဖော် ခဲ့ပါသေးတယ်။

လက်ပံတောင်း တောင် အရေး ဟာ အစိုးရသစ် တက်လာပြီး အစပိုင်းမှာ အရှိန်အဟုန် နဲ့တောင်းဆို ခဲ့ကြပေမယ့် ခုအနေအထား မှာတော့ အတော် ငြိမ်သက် သွားသလို ဖြစ်နေပါတယ်။

လတ်တလော အခြေအနေ မှာ လျော်ကြေး မယူရသေးတဲ့ တောင်သူတွေရဲ့ မြေဧက ၃ ထောင် ကျော် ကို ဝမ်ပေါင် ကုမ္ပဏီက ခြံစည်းရိုး တွေ ခတ်နေတဲ့ အတွက် တောင်သူတွေနဲ့ ကုမ္ပဏီ ကြား အချင်းများ နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက် တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်း ခံရမှု ၂ နှစ်ပြည့် ကို မုံရွာ မြို့ပေါ်နဲ့ လက်ပံတောင်း ဒေသ တွေမှာလည်း ဝတ်ပြု ဆုတောင်းပွဲ တွေ လုပ်ခဲ့ကြတယ် လို့သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ