ကလေးလုပ်သား စာရင်း ILO ကောက်ခံနေ

  • 30 နိုဝင်ဘာ 2014
_child_labour ဓာတ်ပုံ မူပိုင် Getty
Image caption အာရှ ပစိဖိတ်ဒေသက ကလေးသူငယ် အားလုံးရဲ့ ၁၀% ဟာ ကလေး လုပ်သားတွေ အဖြစ် ခိုင်းစေ ခံနေရပါတယ်။

မြန်မာပြည်မှာ ကလေး သူငယ် တွေ အတွက် ရေးဆွဲ ထားတဲ့ ဥပဒေ တွေ ဟာ တခုနဲ့ တခု ဖီလာ ဆန့်ကျင် ဖြစ်တဲ့ အချက်တွေ ပါနေတဲ့ အတွက် အဲဒါတွေကို ပြင်ဆင်ပြီး ထိရောက်တဲ့ ကလေး အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌာန်း နိုင်ဖို့ လေ့လာ သုံးသပ် နေတယ် ဆိုပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ပြောပါတယ်။

၂ဝ၁၅ ခုနှစ်မှာ ILO က မြန်မာ နိုင်ငံ တလွှား အလုပ်သမား အင်အား စစ်တမ်း ကောက်ဖို့ ရေးဆွဲ နေတာလည်း ဖြစ်တဲ့ အတွက် တဆက်တည်း ကလေး အလုပ်သမား အရေအတွက် ကို သိဖို့ လေ့လာ နေပါတယ် လို့ ILO ရဲ့ မြန်မာပြည် ဆိုင်ရာ လက်ထောက် ဆက်သွယ်ရေး အရာရှိ မစ္စ Piyamal Pichaiwongse က ပြောပါတယ်။

ကလေး အလုပ်သမား ပြဿနာတွေ ဖြေရှင်းရေး အတွက် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ရဲ့ ပဋိညာဉ် အမှတ် ၁၈၂ ကို မြန်မာ နိုင်ငံက လက်မှတ် ရေးထိုး ထားပါတယ်။

မြန်မာပြည် မှာ ရှိတဲ့ ကလေး အလုပ်သမား အရေအတွက် ကို စာရင်းဇယားနဲ့ ရရှိနိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရ အန်ဂျီအို အဖွဲ့တွေ အားလုံး တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ကြပါ ဆိုပြီး မစ္စ Pichaiwongse က တိုက်တွန်း ပါတယ်။

ကမ္ဘာ ပေါ်မှာ ကလေး အလုပ်သမား သန်း ၁၇ဝ လောက် ရှိနေပြီး အာရှ ပစိဖိတ် ဒေသမှာ အများဆုံး သန်း ၈ဝ လောက် ရှိတယ်လို့ ILO က ပြောပါတယ်။ ဒီ အရေအတွက်ဟာ ဒေသတွင်း ကလေး ဦး ရေရဲ့ ၁ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ