အချိုးကျ ပီအာ စနစ်ကို ပြန်လည် စိစစ်ဖို့ ခုံရုံးတင်

  • 1 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အမျိုးသား လွှတ်တော် အမတ် ၂၆ ဦး ကနေ လက်မှတ် ထိုးပြီး တင်လိုက်တာ လည်း ဖြစ်ပါတယ်

အမျိုးသား လွှတ်တော် မှာ ကျင့်သုံးဖို့ ဆုံးဖြတ် ထားပြီ ဖြစ်တဲ့ အချိုးကျ ကိုယ်စားပြု ပီအာ စနစ် နဲ့ပတ်သက်ပြီး ပြန်လည် စိစစ် ပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့် ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးကို လွှတ်တော် ဥက္ကဌ ကနေ တဆင့် တင်ပြ လိုက်ပြီ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော် အတွက် ရွေးချယ် ထားတဲ့ ပီအာ စနစ် အတွက် ပုံစံ နှစ်ခုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ကိုက် ညီမှု ရှိမရှိ စိစစ် ပေးဖို့ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ အမျိုးသား လွှတ်တော် အမတ် ၂၆ ဦး ကနေ လက်မှတ် ထိုးပြီး တင်လိုက်တာ လည်း ဖြစ်ပါတယ်။

အခြေခံ ဥပဒေ အရ လွှတ်တော် ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက တင်ပြ လာမယ် ဆိုရင် လွှတ်တော် ဥက္ကဌ အနေနဲ့ ခုံရုံးကို တင်ပြ ပေးမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

နောက်ပြီး ၂၀၀၈ အခြေခံ ဥပဒေဟာ ပီအာ စနစ်ကို အခြေခံ တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ အခြေခံ ဥပဒေ တွေထဲက ပုဒ်မပေါင်း ၁၄ ခု နဲ့ ရည်ညွှန်းပြီး တင်ပြ ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အခြေခံ ဥပဒေ ခုံရုံးကို တင်ပြ ထားတဲ့ ကိစ္စ နဲ့ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက် ဖို့အတွက် မန္တလေးမြို့က တရား လွှတ်တော် ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းကို လွှဲအပ် ထားပြီလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ